Jan 29, 2024
ဘူမိဗေဒအထောက်အထားများအရ မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပေါ်ခံစားရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတိတ်ကာလကလည်း အပျက်အစီးရှိသော အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးပါသည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လူနေမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်အန္တရာယ်ကို အထူးဂရုပြုကြရန် လိုအပ်ပါသည်။ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာ၍ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။ အဆိုပါအားများ (စွမ်းအင်များ) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံးတုန်ခါ၍သွားခြင်းကို ငလျင်လှုပ်သည်ဟု ခေါ်ဆိုကြပါသည်။ မီးတောင်ပေါက်ကွဲခြင်း၊ မြေအောက်မိုင်းခွဲခြင်း၊ အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်ခြင်းတို့ကြောင့်လည်း ငလျင်များ လှုပ်ရှားတတ်ပါသည်။
Jan 29, 2024
ထိုင်းနိုင်ငံအခြေစိုက် TNN ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းသုံးသပ်ချက်တစ်ခုကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရှိလိုက်ရပါတယ်။ သတင်းသုံးသပ်ချက်စာသားမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြဿနာတွေကို ဆွေးနွေး သုံးသပ်ထားပါတယ်။ သုံးသပ်ချက်မှာ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစလို့ တိုက်ပွဲတွေ ဖော်ဆောင်လာတာကို အစချီထားပါတယ်။
Jan 28, 2024
ယနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ အချက်အချာကျတဲ့နိုင်ငံ၊ အချင်းချင်းညီညွတ်မှုအားနည်းတဲ့နိုင်ငံ၊ အားနည်းချက်တွေရှိတဲ့နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံမျိုးစုံရဲ့ဖိအားအမျိုးမျိုးနဲ့ ထိုးဖောက် မွှေနှောက်တိုက်ခိုက်ခံရတတ်တဲ့ အစဉ်အလာဆိုးကြီးဟာ မဆန်းတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ကြတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ အင်အားချည့်နဲ့အောင် မီဒီယာအားနဲ့ဝါဒအမျိုးမျိုးဖြန့် နှောင့်ယှက်လေ့ရှိကြပါတယ်။ တောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ ဗဟိုချက်မတစ်ခုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရ အားသာချက်ကို ရိုက်ချိုးဖို့ အင်အားကြီးနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့က ကြိုးပမ်းအားထုတ်နေကြမှုကို မြင်အောင်ကြိုးစားရာမှာ သတင်းမီဒီယာအားနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတချို့ကို ကျွန်တော်တို့မြန်မာပြည်သူတွေ မျက်ခြည်မပြတ် သိရှိထားဖို့လိုပါတယ်။
Jan 27, 2024
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးတောင့်တင်းခိုင်မာခြင်းနှင့် ဆက်စပ်ပါသည်။ တစ်ဖန်ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုသည်လည်း ဆက်စပ်မှုရှိနေပြန်သည့်အတွက် ငြိမ်းချမ်းမှုမရှိသည့်အခါ နိုင်ငံ့စီးပွားရေးအခြေခံအဆောက် အအုံများတည်ဆောက်ရာတွင် အခက်အခဲများ ရှိရပြန်သည်။
Jan 26, 2024
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝိတ်တန်းမတူဘဲ ဆင်းထိုးရတဲ့ လက်ဝှေ့သမားလိုတော့ဖြစ်နေပါတယ်။ ဘာမှရေရေရာရာမသိ၊ ထင်ရာမြင်ရာရမ်းသန်းပြောဆိုနေတဲ့ Yellow Journalism လောက်အဆင့်ရှိတဲ့ မီဒီယာတစ်ခုရဲ့ ထုတ်လွှင့်ချက်ကို တုံ့ပြန်ပြောဆိုရတာကိုတော့ တွေးပြီးရှက်မိသား။ ဒါပေမဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးနဲ့ယှဉ်လာလို့ မပြောချင်လည်း ပြောရတော့မယ်။
Jan 26, 2024
အထက်မှာဖော်ပြထားခဲ့သလိုမျိုး အချက်အလက်အမျိုးမျိုးအပေါ် သေချာသရုပ်ခွဲ ဆန်းစစ် ပြီးမှ အဆုံးအဖြတ်တစ်ခု ချမှတ်ရတာမျိုးရှိသလို ဆောလျင်စွာ ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်တာ မျိုးအတွက် နည်းနာတွေကိုလည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူနာတစ်ယောက် နေလို့မကောင်းဘူးဆိုရင် ဆရာဝန်တစ်ဦးက အဖျားတိုင်းကြည့်မယ်၊ အဖျားရှိမနေဘူးဆိုရင် သွေးပေါင်ကျ၊ မကျ စတာမျိုးတွေနဲ့ ရောဂါရှာဖွေမှုတစ်ခုပြီး တစ်ခုလုပ်ဆောင်ပြီး သံသယဖြစ်နေမှုတွေကို ဖယ်ရှားရှင်းလင်းရတာမျိုး ဖြစ်ပါတယ်။ ဒီနည်းနာ မျိုးကို ကျန်းမာရေးနဲ့ဆိုင်တဲ့နေရာမှာ ဆုံးဖြတ်တာမျိုးသာမက စီမံခန့်ခွဲမှု၊ နေ့စဉ်ဘဝနေထိုင်မှုနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာပါ အသုံးချနိုင်ပါတယ်။
Jan 26, 2024
ဟေမန္တဆောင်းရာသီ၏ အလယ်ဗဟိုတွင်ကျသော ပြာသိုလသည် အလွန်ချမ်းအေးသည့်လဖြစ်၏။ ထို့ကြောင့် ပြာသိုလကို ငွေနှင်းစိုစို လပြာသိုဟု တင်စားကြလေ့ရှိသည်။ “တိမ်ခြေငယ် ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုလ်၊ နွယ်ခွာညို ကြိုင်ကြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး”ဟု မဟာအတုလမင်းကြီးက ပြာသိုလကို စပ်ဆိုခဲ့သည်။ တိမ်ခြေကင်း၍ သာယာသောလ ဖြစ်သည်။ ပြာသိုလတွင် ရာသီပန်းဖြစ်သည့် ခွာညိုပန်းများပွင့်ကြသည်။ ပြာသိုလသည် သာယာအေးချမ်းမှုနှင့် ပြည်စုံသည်သာမက ပြာသိုလပြည့်နေ့သည် မိခင်များကို ဂုဏ်ပြုသည့် အမေများနေ့ ဖြစ်ပါသည်။
Jan 26, 2024
ကျွန်တော်တို့အဖွဲ့သည် စကားပြန်မိန်းကလေးနှင့်အတူ China - ASEAN Emergency Equipment and Tech-nology Exhibition မှ ပြခန်းများတွင် ပြသထားသည့် ပစ္စည်းကိရိယာများကို ကြည့်ရှုလေ့လာကြပြီးနောက် Nanning International Convention Exhibition Center အနီးရှိ Howard Johnson ဟိုတယ်၌ နေ့လယ်စာ စားသုံးရန် လမ်းလျှောက်၍ သွားရောက်ခဲ့ကြသည်။ ဖိုရမ်တက်ရောက်သူများအတွက် နေ့လယ်စာကို ဘူဖေးစနစ်ဖြင့် ဧည့်ခံကျွေးမွေးသည်။ နေ့လယ်စာ စားသောက်ပြီးနောက် ကျွန်တော်တို့အဖွဲ့သည် Sub-Forum များ တက်ရောက်ရန် ဆွေးနွေးပွဲ ကျင်းပမည့် ခန်းမများသို့ သွားရောက်ကြသည်။
Jan 25, 2024
ယနေ့ကာလတွင် မျိုးချစ်မြန်မာပြည်သူတစ်ရပ်လုံး မချိတင်ကဲ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။
မိသားစုအချင်းချင်းအငြင်းပွား၊ ညီအစ်ကို အချင်းချင်းရန်လို၊ ဘာကြောင့် စစ်ခင်းတဲ့အခြေ အနေအထိ ရောက်ရသလဲ။ မခေါ်ဖြစ်၊ မပြောဖြစ်ကြတဲ့ အခြေအနေမှာ ရန် / ငါသာ ပြတ်ရတော့မယ်၊ ဖားနဲ့ငါး ခွဲရတော့မယ်။ တွေ့ဆုံဆွေးနွေးရေး ခဏဘေးချိတ်။ မလိုက်ချင်သူကို ထားခဲ့ရမယ်၊ တားဆီးသူကို ကျော်ဖြတ်ရမယ်၊ ပိတ်နေသူကို ဖောက်ထွက်၊ ဖျက်နေသူကို ချေမှုန်းရမယ့် အခြေအနေ။
Jan 25, 2024
ဟေမန္တဆောင်းရာသီ၏ အလယ်ဗဟိုတွင်ကျသော ပြာသိုလသည် အလွန်ချမ်းအေးသည့်လဖြစ်၏။ ထို့ကြောင့် ပြာသိုလကို ငွေနှင်းစိုစို လပြာသိုဟု တင်စားကြလေ့ရှိသည်။
