Skip to main content
Jan 10, 2024
အင်ဒိုနီးရှားပိုင်နက်ရေပြင်မှာ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်လှေတွေ တစ်စင်းပြီးတစ်စင်း ဝင်လာနေခဲ့တာ ခန့်မှန်းခြေလူဦးရေ ၁၅၀၀ ခန့် ရှိလာပါပြီလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြကြတယ်။ သူတို့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ကြီးကိုဖြတ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာ အများဆုံးလာရောက်ခဲ့ကြတယ်လို့ သိရှိရပြီး နောက်ထပ် အားချေးပြည်နယ် ကမ်းရိုးတန်းဆီ ဒုက္ခသည်လှေတစ်စင်းဦးတည်လာနေတာကို အင်ဒိုနီးရှားရေတပ် ကမ်းခြေစောင့်တပ်က တွေ့ရှိတာကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရေပိုင်နက်ထဲကို ပြန်မလာနိုင်အောင် ကမ်းရိုးတန်းနဲ့ ရေမိုင် ၆၃ မိုင် အကွာအထိ ရေတပ်သင်္ဘော KRI Botang-907 က မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှားရေတပ်ဝက်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ထားခဲ့ပါတယ်။
Jan 09, 2024
၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ရာနဲ့ချီတဲ့ ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူ တွေ အင်ဒိုနီးရှားကို တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ တကယ်တော့ ဒေသတွင်းမှာ ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကျော် ကာလတွေတုန်းကလည်း ဗီယက်နမ်လှေစီးဒုက္ခသည်တို့၊ ကမ္ဘောဒီးယား လှေစီးဒုက္ခသည်တို့ ပြဿနာကိစ္စတွေ ရှိခဲ့ဖူးတာပါပဲ။ ရွှေ့ပြောင်းသွားလာသူတွေရဲ့ Boat People ဆိုတဲ့ လူကုန်ကူးလှေတွေဆိုလည်း အင်ဒိုနီးရှားမှမဟုတ်ပါဘူး။ မလေးရှား၊ ထိုင်း၊ မြန်မာစတဲ့ ကမ်းရိုးတန်းရေပိုင်နက်အထိ ရောက်ရှိလာခဲ့လို့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြရပါတယ်။
Jan 09, 2024
ဆောင်းပါး
စာပေသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ်ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေပါသည်။ ထို့အပြင် စာဖတ်သူတို့ကို ရသကိုးပါး ပေးနိုင်စွမ်းသည့် နှလုံးသားအာဟာရလည်း ဖြစ်ပါသည်။ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာများအပြင် နှလုံးရည်ပြည့်ဝ သူများဖြစ်ရန်အတွက် စာပေက အဓိကပံ့ပိုးပေးပါသည်။
Jan 09, 2024
မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းကို ဝိမုတ္တိအမြင်ဖြင့် လေ့လာခြင်း
ဝိမုတ္တိဟူသည်မှာ လွတ်မြောက်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ သံသရာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲခြင်းမှလွတ်မြောက်ခြင်း၊ လောဘ၊ ဒေါသ၊ မောဟတို့မှ လွတ်မြောက်ခြင်း စသည်ဖြင့် အမျိုးမျိုးဖွင့်ဆိုနိုင်ပါသည်။ မသိမှုအဝိဇ္ဇာကို အခြေခံ၍ အသိအမြင်လွဲမှားခြင်း၊ အနှောင်အဖွဲ့ကြောင့် ဘက်လိုက်ခြင်း၊ မိမိ၏ထင်မြင်ယူဆချက်ဖြင့် လိုရာဆွဲရေးသားခြင်းများသည် အမှန်တရားနှင့် ကင်းကွာသွားနိုင်ပါသည်။ ထိုသို့သော မှားယွင်းမှုများကို ရှောင်ရှားလျက် အမှန်ကိုအမှန်အတိုင်း ရှုမြင်ခြင်းကို ဝိမုတ္တိအမြင်ဟု ဆိုရပါလျှင် စာရေးသူ၏ဆောင်းပါးသည် ထိုအမြင်အပေါ်အခြေခံလျက် ရေးသားခြင်းဖြစ်ပါသည်။
Jan 09, 2024
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (BKSAP) လက်ထောက်ဥက္ကဋ္ဌဖြစ်သူ အာမတ် ဟာဖစ် တိုဟီ (Achmad Hafisz Thohir) က မြန်မာနိုင်ငံရှိ ဘင်္ဂါလီတွေနဲ့ (ရိုဟင်ဂျာလူမျိုးစုဆိုတဲ့ စကားရပ်ကို သုံးထားပါတယ်) ပတ်သက်လို့ ကမ္ဘာက အထူးသဖြင့် အာဆီယံနိုင်ငံတွေက ခိုင်ခိုင်မာမာအရေးယူဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် သာမန်ရှုတ်ချတာလောက်နဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့အဆင့်တွေကို ကမ္ဘာနဲ့ အာဆီယံက အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
Jan 09, 2024
လွတ်လပ်ရေးနဲ့တပ်မတော်၊ တပ်မတော်နဲ့အချုပ်အခြာတွဲပြီးမြင်တတ်ရင် ယနေ့နိုင်ငံရဲ့ ဘက်စုံပြဿနာအရပ်ရပ်အပေါ်မှာ ဘယ်လိုမှန်ကန်တဲ့အမြင်နဲ့ ချဉ်းကပ်ဖြေရှင်းသင့်သလဲ နားလည်နိုင်ပါလိမ့်မယ်။ တပ်မတော်ရဲ့ကံကြမ္မာဟာ တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ တစ်ထပ်တည်းရှိတယ်ဆိုတာ မြင်နိုင်ရမယ်။ တပ်မတော်ရဲ့ဆုံးရှုံးမှုတိုင်းဟာ နိုင်ငံတော်ရဲ့ဆုံးရှုံးမှုပဲဆိုတဲ့ဒဿန၊ တချို့မမြင်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။
Jan 08, 2024
ဆောင်းပါး
တရုတ်နိုင်ငံ ရှင်ကျန်းမြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာလက်ဖက်ပြပွဲ Global Tea Fair Shenzhen (Autumn) 2023 တွင် မြန်မာ့လက်ဖက်မှာ အထူးရွှေတံဆိပ်ဆုရရှိခဲ့ပါသည်။ အဆိုပါပြပွဲကို တရုတ်နိုင်ငံ ရှင်ကျန်းမြို့တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ရာ မြန်မာနိုင်ငံက ပါဝင်ပြသသည့် မန္တလေးမြို့မှ TGT Tea ၏ Jade Leaf လက်ဖက်က အထူးရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်းက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ယခုဆုမှာ TGT Tea ၏ Jade Leaf လက်ဖက်ခြောက်အနေဖြင့် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခြင်းဖြစ်ကာ ယခုနှစ်တွင် ထူးခြားစွာ “အထူးရွှေတံဆိပ်ဆု” ရရှိခဲ့ခြင်းဖြစ်ပြီး ကြယ်ငါးလုံးနှင့် ညီမျှသည့်ဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။
Jan 08, 2024
ဆောင်းပါး
လူ့အဖွဲ့အစည်းအတွင်း စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ညစ်ညမ်းမှုကို လျှော့ချခြင်းအတွက် အရေးပါသည့်ကိစ္စဖြစ်သည်။ ကုန်ကြမ်းအသစ်များ အသုံးပြုမှုကိုလျှော့ချပေးသဖြင့် စွမ်းအင်ကို ချွေတာရာရောက်သည့်အပြင် ငွေကြေးနှင့် သဘာဝအရင်းအမြစ်များကို ချွေတာရာလည်းရောက်သည်။ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုကို လျှော့ချပေးသည်။ ထို့ကြောင့် ယနေ့ကာလတွင် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုကို မြှင့်တင်နိုင်ရန်အတွက် အသုံးပြုမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အဟောင်းကို ပြန်လည်ပြုပြင်သုံးစွဲခြင်းဟူသည့် လုပ်ငန်းစဉ်သုံးရပ်သည် ကမ္ဘာကြီး၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။
Jan 08, 2024
ဆောင်းပါး
ကျွန်တော်တို့ငယ်ငယ် မူလတန်းကျောင်းသားဘဝက ကုဋေရှစ်ဆယ်သူဌေးသားအကြောင်းကို ကဗျာလေးနှင့် သင်ကြားခဲ့ရသည်။ မိဘကချမ်းသာကြွယ်ဝသော သူဌေးကြီးဖြစ်၍ ပစ္စည်းဥစ္စာများသည် သူ့သားတစ်သက်စား၍မကုန်နိုင်၊ မဆင်းရဲနိုင်ဟု ယူဆခဲ့သည်။ ထို့ကြောင့် သားကို ပညာမသင်စေတော့ဘဲ အိမ်မှာသာ သူတို့နှင့်နေစေခဲ့သည်။ သူဌေးသားသည် မိဘများကွယ်လွန်သွားသောအခါ ပညာမတတ်ခဲ့သဖြင့် အတွေးမှားများသာ တွေးတောနေထိုင်ခဲ့၍ သူတစ်ပါးလိမ်လည်လှည့်ဖြားမှုကိုခံရပြီး ဆင်းရဲသွားခဲ့သည်။ လူငယ်တို့သည် အညွန့်တလူလူတက်နေသော အနာဂတ်ရတနာ အပင်လေးများဖြစ်ရာ အသိပညာ၊ အတတ်ပညာဝမ်းစာများ ပြည့်ဝနေအောင် လေ့လာဆည်းပူးထားရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာပြည့်ဝမှသာ မှန်ကန်စွာတွေးခေါ်နိုင်ပြီး မှန်ကန်သောအလုပ်ကို မှန်မှန်ကန်ကန်ကြိုးစားလုပ်ကိုင်နိုင်၍ တိုးတက်အောင်မြင်မှုအသီးအပွင့်များလည်း ရရှိမည်ဖြစ်သည်။
Jan 08, 2024
ဆောင်းပါး
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း မိမိအနေဖြင့် အုပ်စုဖွဲ့၍ ခရီးထွက်ဖြစ်သည်မှာ ပထမအကြိမ် ပြင်ဦးလွင်ခရီးစဉ်ပြီးလျှင် ပြီးခဲ့သော ဒီဇင်ဘာ ၁၀ ရက်က ဗိဿနိုးမြို့ဟောင်းသို့ သွားရောက် လည်ပတ်ခွင့်ရခြင်းသည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့တို့ကို ၂၀၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်မြို့များအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း နာမည်ကျော်ကြားထင်ရှားလာခဲ့သည်။ ထိုအချိန်ကတည်းက ၎င်းမြို့များသို့ သွားရောက်လေ့လာချင်ခဲ့သော်လည်း အခွင့်မသာခဲ့။ ယခုတစ်ကြိမ်တွင် မိမိလေးစားခင်မင်ရသော စာရေးဆရာတစ်ဦး၏ စီစဉ်ပေးမှုဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်လေ့လာခွင့်ရခဲ့လေသည်။