Sep 04, 2023
ဂျပန်အစိုးရရဲ့အစီအစဉ်ဟာ ပြည်ပမှာသာမက ပြည်တွင်းမှာလည်း ကန့်ကွက်မှုတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့်ဖူကူရှီးမားဒေသမှာရှိတဲ့ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေအနေနဲ့ သူတို့ဒေသရဲ့ ရေထွက်ကုန်တွေရဲ့ နာမည်ကျော်ကြားမှုတွေအပေါ် ထိခိုက်မှုရှိလာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအနေနဲ့ ပြန်လည်သန့်စင်ပြီး ရေတွေ စတင်မစွန့်ပစ်မီ ရက်ပိုင်းအလို ဩဂုတ်လ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Masanobu Sakamoto နဲ့ သွားရောက်တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ပြီး ရေလုပ်ငန်းရှင်တွေရဲ့ နားလည်မှုကိုရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကိုယ်တိုင်လည်း ဖူကူရှီးမားဒေသက ပင်လယ်ရေထွက်ကုန်တွေဟာ လူတွေစားသောက်ဖို့ လုံခြုံစိတ်ချရမှုရှိတယ် ဆိုတာပြနိုင်ဖို့ ဩဂုတ်လ ၃၀ ရက်နေ့က ဝန်ကြီးချုပ်ရုံးမှာ ဖူကူရှီးမားဒေသက ပင်လယ်ရေထွက် အစားအစာတွေနဲ့ နေ့လယ်စာ စားပြခဲ့ပါတယ်။
Sep 04, 2023
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကိုလိုနီအရှင်သခင်ကြီးတွေရဲ့ ကုပ်သွေးစုပ်မှုကို လူးလူးလွန့်လွန့်ခံစားခဲ့ကြရအပြီး အာဖရိကရှစ်နိုင်ငံဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို ရယူလိုက်ကြ ပါပြီ။ အခုထိတော့ ရှစ်နိုင်ငံ၊ နောက်ထပ်တိုးဖို့ ရှိနေ လေသေးရဲ့။
Sep 03, 2023
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကိုလိုနီ အရှင်သခင်ကြီးတွေရဲ့ ကုပ်သွေးစုပ်မှုကို လူးလူးလွန့်လွန့်ခံစားခဲ့ကြရအပြီး အာဖရိက ရှစ်နိုင်ငံဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို ရယူလိုက်ကြပါပြီ။ အခုထိတော့ ရှစ်နိုင်ငံ၊ နောက်ထပ်တိုးဖို့ ရှိနေ လေသေးရဲ့။
Sep 03, 2023
မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိရာ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟ ချက်ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချစေရေးအတွက် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ်၍ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက-ပြည်သူပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
Sep 03, 2023
“ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက်အခြေခံအုတ်မြစ်ဖြစ်သည် … ဒီမိုကရေစီရှင်သန် စေရေးအတွက် ရေသောက်မြစ်ဖြစ်သည် …ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ပင်စည်ပင်မဖြစ် သည် ...” ဟု မှတ်သားမိသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ခိုင်မြဲရေးအတွက် ရွေးကောက်ပွဲ များသည် ဥပဒေနှင့်ညီညွတ်၍ လွတ်လပ်ပြီး တရားမျှတရမည်ဖြစ်သည်။
Sep 02, 2023
ဂျပန်နိုင်ငံအနေနဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေပါဝင်နေတဲ့ ရေတွေကို သိုလှောင်ကန်မှာ ထိန်းသိမ်းထားပြီး ပြန်လည်သန့်စင်ခဲ့တဲ့ ပြုပြင်ပြီးရေတွေ ကို ၂၄-၈-၂၀၂၃ ရက်နေ့ ဂျပန်စံတော် ချိန် ၁၃:၀၃ နာရီကစပြီး ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်ခဲ့ပါတယ်။
Sep 02, 2023
မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုဖော်ဆောင်၍ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်ရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့မြင်နိုင်ပါသည်။ ၂၀၃၀ ပြည့်နှစ်အမီ အောင်မြင်အောင်ဆောင်ရွက်ရမည့် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ချက် (Sustainable Development Goals) တွင်လည်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် ပထမဆုံး ဦးစားပေးဆောင်ရွက်ရမည့် ပန်းတိုင်တစ်ရပ်အဖြစ် ချမှတ်ထားရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှုအောက်ရှိ နိုင်ငံများအားလုံး၏ စုစည်းမှုအင်အားဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မီးမောင်းထိုးပြသပြီးဖြစ်ပါသည်။
Sep 01, 2023
စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနသည် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်များ အထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိပြီး စက်ခေါင်း/တွဲများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊ စက်ခေါင်းမောင်းနှင့် တွဲထိန်းများကို ကြီးကြပ်စီမံဆောင်ရွက် ခြင်းပြုရပါသည်။
Sep 01, 2023
၂၀၂၃ ခုနှစ် ဧပြီလဆန်းမှာ ကမ္ဘာ့သံခင်းတမန် ခင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အလှည့်အပြောင်း တစ်ရပ်ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသတင်းကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်အရ အီရန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံအကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ထားရှိမယ်ဆိုတဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်ပဲဖြစ်ပါတယ်။
Sep 01, 2023
သတင်းဟူသည် လူတို့အတွက် အာဟာရတစ်မျိုးဖြစ်သည်။ သတင်းစာပညာအရ ကောင်းကျိုးလည်း သတင်း၊ ဆိုးပြစ်လည်းသတင်းဟု ဆိုသည်။ လူတို့၏ သဘာဝအရ ကောင်းသတင်းလည်းသိလို၊ မကောင်းသတင်းလည်း သိလိုကြသည်။ ကောင်းသတင်း အသိသည်လူတို့၏ ဦးနှောက်အသိဉာဏ်၊ တီထွင်ဖန်တီးဉာဏ်၊ ပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ အမြော်အမြင်ဉာဏ်တို့၏ အားတိုးဆေးဖြစ်သည်။ မကောင်းသတင်းအသိသည် ဆန့််ကျင်ဘက်အားများ ဖြစ်စေသည်။
