Skip to main content
Aug 31, 2023
ဆောင်းပါး
ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည် (တေဇောဓာတ် လောင်ကျွမ်းခြင်း) အထိ စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။                      
Aug 31, 2023
1
ပညာရေးစစ်တမ်းကောက်ယူရာတွင် အသက် (၁၀) နှစ်နှင့်အထက် စာမတတ်သူများကို (၃) မျိုး ခွဲခြားကောက်ယူခဲ့ပါသည်။
Aug 31, 2023
ပါလီမန်ဒီမိုကရေစီနဲ့ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်နေရာအများစုမရခဲ့တဲ့အတွက် အနိုင်ရပါတီမဟုတ်ခဲ့တဲ့ (Pheu Thai) ဖျူထိုင်းပါတီမှ အမတ် ဆာရက်သာသာဗီဆင်တစ်ယောက် ထိုင်းနိုင်ငံရဲ့အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါပြီ၊၊
Aug 31, 2023
ဆောင်းပါး
ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို “နံကာ” လဟု သုံးလေ့ရှိသည်။ ဝါခေါင်တွင် “ဝါ” က တစ်ပုဒ် “ခေါင်” ကတစ်ပုဒ်ဖြစ်သည်။ “ဝါ” ဝေါဟာရကို အများသိပြီး ဖြစ်ပေသည်။ “ခေါင်” ကိုမူ ဤသို့ဖွင့်ဆိုကြပေ၏။ ခေါင်၊ အိမ်ခေါင်၊ ထွတ်ခေါင်၊ ခေါင်လူကြီး၊ ခေါင်ဖျား၊ ထိပ်ခေါင်တင်၊ ဖုရားခေါင်ကြီးစသည်ဖြင့် အထွတ်အထိပ်အစွန်အဖျား၊ အမြင့်အမြတ်၊ အကြီးအကဲဟူသောအဓိပ္ပာယ်နှင့် ဝေးကွာခြင်းအဓိပ္ပာယ်ကို ဆောင်ပေသည်။ အခြားတစ်နည်းမှာ အလယ်ခေါင်၊ နေ့လည်ခေါင်၊ သန်းခေါင်စသည်ဖြင့် အလယ်ဗဟိုဟု ဆိုလိုပေသည်။
Aug 30, 2023
စာမတတ်သူ၊ တို့ဝိုင်းကူစို့။ ဖေးမဆွဲထူ၊ တို့ဝိုင်းကူလျှင် မတတ်သူတို့၊ တတ်လာမည်။ ကြီးကောင်ဝင်မှ၊ စာသင်ရသူ၊ တို့ဝိုင်းကူစို့၊ ဖေးမဆွဲထူ၊ တို့ဝိုင်းကူလျှင် သူလည်းမကြာ၊ တတ်လာမည်။ ကြီးသူငယ်သူ၊ အရွယ်မတူ တို့ဝိုင်းကူလျှင် _ _ _ _မတတ်ဘယ်သူရှိအံ့နည်း။
Aug 30, 2023
ဆောင်းပါး
မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍအစပျိုးမှုကိုကြည့်မည်ဆိုလျှင် ရှေးယခင်က နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ကျွန်ပြုအုပ်ချုပ်ခဲ့စဉ်က ၎င်းတို့၏အကျိုးစီးပွားကို အထောက်အကူဖြစ်စေသည့် ရထားလမ်း၊ ကားလမ်းများကိုသာ ဦးစားပေးဖောက်လုပ်ခဲ့ကြောင်း တွေ့ရှိရသည်။ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်ရွယ်ချက်ကောင်းများ မရှိခဲ့သည့်အတွက် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလတစ်လျှောက်လုံး နယ်မြေဒေသအများစုသည် လမ်းပန်းဆက်သွယ်မှုခက်ခဲ၍ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
Aug 29, 2023
ပြီးခဲ့တဲ့အပတ်က နံနက်စာစားဖို့ရပ်ကွက်ထဲက လူကြိုက်များတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ ဆိုင်အနီးမှာ ထူးထူးခြားခြား လူတစ်ယောက်ကိုတွေ့လို့ နံနက်စာစားရင်း ငေးမောကြည့်နေမိတယ်။ ထိုလူက ကန်စွန်းရွက်တစ်စီးကို သူ့ကားထဲကထုတ်ပြီး လူစည်ကားနေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို ထောင်ပြတယ်။ “တစ်စီးတစ်ရာ”၊ ကန်စွန်းရွက်အစည်းက ခပ်ကြီးကြီးပါပဲ။ ပြီးတော့ကား နောက်ဖုံးထဲကို ထည့်လိုက်တယ်။
Aug 29, 2023
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals, SDGs) ၁၇ ခုနှင့် ရည်မှန်းချက်ပေါင်း (Targets) ၁၆၉ ခုပါရှိသည့် “ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ လုပ်ငန်းစဉ်” (The 2030 Agenda for Sustainable Development)ကို ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တညီတညွတ်တည်း သဘောတူညီမှုဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
Aug 28, 2023
0
ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၂ ဒသမ ၃ ဘီလီယံတို့သည် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် လောင်စာများအားချက်ရေး၊ ပြုတ်ရေးအတွက် သုံးစွဲနေရဆဲဖြစ်ပြီး လူပေါင်း ၆၇၅ သန်းတို့မှာ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းမရှိသေးကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်စွမ်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၈၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၉၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ပြည်သူ ၂ ဒသမ ၃ ဘီလီယံတို့မှာလည်း မီးသွေးအပါအဝင် သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည့် လောင်စာများနှင့် နည်းပညာများကို ချက်ရေး၊ ပြုတ်ရေးအတွက် သုံးစွဲနေရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Aug 28, 2023
01
ကျွန်တော်ငယ်စဉ်က စတင်မြင်ဖူးခဲ့သောနာရီများမှာ ရွာဦးဘုန်းကြီးကျောင်းမှ တိုင်ကပ်နာရီ၊ ရွာက သဟာယဆန်စက်ပိုင်ရှင် ကျွန်တော့် ဘကြီးဦးမြမောင်လက်မှာ ပတ်ထားသောနာရီနှင့် ကျောင်းဆရာ ကျွန်တော့်အဖေ ဆရာကြီးဦးသာခင်၏လက်က ရိုးမားနာရီအဝိုင်းလေး ဖြစ်သည်။ လှော်ကထား အလကကျောင်းရောက်တော့လည်း ဆရာ ဆရာမများကလွဲ၍ ဘယ်ကျောင်းသား ကျောင်းသူများမှ နာရီမရှိကြ။