Skip to main content
May 20, 2022
မြန်မာစကားမှာ အများမိုးခါးရေသောက်လို့ သောက်တယ်ဆိုတဲ့ စကားရှိပါတယ်။ အဓိပ္ပာယ်ကတော့ သူများလုပ်လို့ လိုက်လုပ်တာကို ဆိုလိုတာတွေ့ရပါတယ်။ စကားပုံအရဆို အများမိုးခါးရေသောက်ရင် မိမိပါသောက်မှ အဆင်ပြေမှာမို့ မိမိကိုယ်တိုင် မနှစ်ခြိုက်ပေမယ့်အများနဲ့ မဆန့်ကျင်အောင် အများနည်းတူလုပ်ရတာလို့ ဆိုပါတယ်။
May 19, 2022
01
နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း၏ အဓိကကျသောအကြောင်းအချက်တစ်ခုမှာ နိုင်ငံတွင် ပညာရေးကို ဦးစားပေးရင်းနှီးမြှုပ်နှံပြီး လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက်တစ်ခုမှာလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ်ပါသည်။
May 19, 2022
01
မိဘတိုင်းက မိမိတို့၏ရင်နှစ်သည်းချာ ရင်သွေးငယ်များကို ပန်းကလေးတွေအဖြစ် တင်စားကြသည်သာ။ အဖိုးထိုက်ဆုံးရတနာအဖြစ်လည်း အမွမ်းတင်ကြသည်။ ပန်းများလို တန်ဖိုးထား၍ အလှဆုံးဖူးပွင့်အောင် ဂရုတစိုက်ပြုစုပျိုးထောင်ပေးကြသည်။ တန်ဖိုးမြင့် ရတနာသဖွယ်သဘောထား၍ မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြသည်။
May 18, 2022
ဤဆောင်းပါးကို ရေးရခြင်းမှာ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂအကြောင်းကို ယခုထက်ပိုမို သိစေလိုသောကြောင့်ဖြစ်သည်။
May 18, 2022
စွမ်းအင်ကို လှမ်းမြင်နိုင်ပါစေ
နှစ်ပေါင်း ၃၀၀ အတွင်း အလှုပ်ခတ်ဆုံးသောအရာကို ပြောပါဟုဆိုပါလျှင် “စွမ်းအင်” ဟု ဖြေပါရစေ။
May 17, 2022
03
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council Of Museums) ကို ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၁၉၄၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ၇၅ နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
May 17, 2022
ဤဆောင်းပါးကို ရေးရခြင်းမှာ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂအကြောင်းကို ယခုထက် ပိုမိုသိစေလိုသောကြောင့် ဖြစ်သည်။
May 17, 2022
ပညာရေး
ဇွန်လ ၂ ရက်နေ့ဆိုရင် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တော့မယ်။ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်နှံကြဖို့ နှိုးဆော်တိုက်တွန်းလျက်ရှိပါတယ်။
May 17, 2022
02
ကလေးသူငယ်များဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု၏ အနာဂတ်မျိုးဆက်သစ်များ ဖြစ်ကြသည်။ ကလေးသူငယ်များသည် အသက်အားဖြင့်၊ ဉာဏ်ရည်အားဖြင့်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအားဖြင့် ပြည်စုံသေးကြသည့် အရွယ်မဟုတ်သေးချေ။ အသက်အရွယ်အားဖြင့် အသက် ၁၈ အောက်ကို ကလေးသူငယ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ အသက် ၁၈ အောက် ကလေးသူငယ်များ ဆိုသည်က ပညာသင်ကြားရမည့်အရွယ်၊ ကျောင်းသို့သွားရမည့်အရွယ်၊ မိဘအုပ်ထိန်းသူနှင့် ရင်အုပ်မကွာရှိ၍ ကာယ၊ ဉာဏ ပြုစုပျိုးထောင်ပေးကြရမည့်အရွယ် ဖြစ်သည်။
May 16, 2022
နွေကံ့ကော် (မြို့လှ) လာမည့် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စိန်ရတုလွတ်လပ်ရေးကာလကို ရောက်ရှိပေတော့မည်။ တကယ်တော့ (၇၅) နှစ်စိန်ရတုတည်းဟူသော ကာလတစ်ခုသည် နည်းလှသောသက်တမ်းတစ်ခုတော့မဟုတ်ပေ။ နယ်ချဲ့တို့အုပ်စိုးမှုအောက်၌ နေခဲ့ရစဉ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကိုယ်နှင့်စိတ်များ ထွက်ပေါက်မရသည်အထိ တိုင်းရင်းသားပြည်သူတို့ မွန်းကျပ်ခဲ့ရသည်။ ကိုယ့်မြေကိုယ့်ရေပေါ်မှာနေပါလျက် အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲခြင်း မျိုးစုံဖြင့်ဆင်းရဲမှုအပေါင်းသရဖူဆောင်းသည် အထိဖြစ်ခဲ့ရသည်။ ထိုဆင်းရဲမှုမျိုးစုံမှ လွတ်ကင်းရန်အတွက် လွတ်လပ်ရေးကြီးပြန်လည်ရရှိအောင် တက်ကုန်ရွက်စုံလွှင့်ပြီး နည်းလမ်းရှာဖွေကြိုးစားခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှများအနေဖြင့် လွတ်လပ် ရေးပေးချိန်တွင်လည်း တောင်တန်းနှင့်ပြည်မခွဲခြားပေးလိုခဲ့ကြ၏။ သို့သော် တောင်တန်းဒေသမှစော်ဘွားများက လက်မခံခဲ့ကြပေ။ ပေးဆပ်မှုများနှင့်ထိုက်တန်စွာ လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့သော်လည်း နယ်ချဲ့တို့၏ စနစ်ကျကျယုတ်မာမှုလှည့်ကွက်အောက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲခြင်းဟူသော ချိန်ကိုက်ဗုံးကြီးက ကျန်ရစ်ခဲ့ရသည်။ အထူးသဖြင့် တောင်တန်းပြည်မခွဲခြားဆက်ဆံမှုကို ရေရှည်ခိုင်မြဲအောင် အသက်သွင်းပေးခဲ့ခြင်းပင်ဖြစ်၏။