Jul 23, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Jul 19, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး ကုသရေးလုပ်ငန်း သည် အများနှင့်ဆိုင်သည့် ကိစ္စရပ်ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများသာမက ပြင်ပမှ ကျွမ်းကျင်သူများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် အနီးကပ်ဆုံး၊ လက်တွေ့အကျဆုံးတာဝန်ယူ ဆောင်ရွက်နေကြရသူများဖြစ်သဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ အားပေးမှုများနှင့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Jul 15, 2021
မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများပြန်လည်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ယူမှုခရီး ငါးလတာကာလ ဖြတ်သန်းခဲ့ ပြီဖြစ်ပါတယ်။ ယခင်လများနည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများအပါအဝင် အစိုးရတစ်ရပ်လုံးက ပြည်သူအတွက်၊ နိုင်ငံအတွက် ဖော်ဆောင်မှုများမှာ များပြားလွန်းလှပါတယ်။ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုရှိအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် အားသွန် ကြိုးပမ်းရချိန်၊ တစ်ဖက်နိုင်ငံတကာမျက်နှာစာမှာလည်း နိုင်ငံနဲ့ အုပ်ချုပ်သူအစိုးရ၊ နိုင်ငံသားတို့ရဲ့ ရပ်တည်ချက်၊ မျှော်မှန်းချက်၊ ဆောင်ရွက်ချက်များကို ကမ္ဘာကသိမြင်အောင် ကြိုးပမ်းအားထုတ် ကြရတာကို မြင်တွေ့ရပါတယ်။
Jul 12, 2021
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Jul 09, 2021
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Jul 03, 2021
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
Jun 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushina Tatana အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် -
Jun 28, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarstan၊ Kazan လေဆိပ်မှ Novosibirskမြို့သို့ ထွက်ခွာကြရာ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
Jun 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံ တို့သို့ သွား ရောက် ကြည့်ရှု လေ့လာသည်။
Jun 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် “Eidos Medicine” နှင့် “Endome-dium” ကုမ္ပဏီမှ ထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာများ အား သွားရောက် လေ့လာကြည့်ရှုကြသည်။