May 15, 2025
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 14, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးအကြီးအကဲ Mr.Ichiro Miyazawa အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 14, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော် ရွာတော်ဘူတာသို့ ထပ်မံရောက်ရှိလာသည့် Modular (Prefabricated) Office/House များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဖြန့်ခွဲတပ်ဆင်တည်ဆောက်နေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 14, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်း လှေ၊ ရိုးရာလှေနှင့် ကနူး/ ကယက်လှေတို့ ယှဉ်ပြိုင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး၍ နည်းပြများအား အစွမ်းကုန်အားထည့်သင်ပြကြပ်မတ်ပေးရန်၊ စံချိန်စံနှုန်းများကောင်းမွန်ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 13, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူအားကစားခန်းမကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 13, 2025
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများအလိုက် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ဆန် ၂၄ ပြည်အိတ် ၄၄၉ အိတ်အတွက် ကျသင့်ငွေကျပ် ၄၆၃ သိန်းနှင့် ဆီအတွက် ၂၈၇ သိန်း စုစုပေါင်း သိန်း ၇၅၀ ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရုံးသို့ ပေးအပ်လှူဒါန်းရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 13, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၃) ရပ်ကွက် ရန်ကင်းလမ်းမကြီး၊ အမှတ် (၂၀၆/၂) ရှိ Dual Tech Vocational Institute တွင် သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 09, 2025
၂၀၂၅ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးမှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 08, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာခရိုင်အတွင်း မြေအောက်ရေအရင်းမြစ်များ ပိုမိုအသုံးချနိုင်ရေးဒေသနေပြည်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေပိုမိုဖူလုံစွာ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပျော်ဘွယ်မြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော တမာကိုင်းချောင်း မြေအောက်တမံ (၁)၊ (၁-က)၊ (၂-က) တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအတွက် ယာယီဆောက်လုပ်နေရာချထားပေးခဲ့သော အမှုထမ်းနှင့် အရာထမ်း အိမ်ရာများသို့ သွားရောက်၍ ရေ၊ မီး အဆင်ပြေမှုရှိ/ မရှိ၊ သန့်စင်ခန်းများ ကောင်း မကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး မိုးတွင်းရေမဝပ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2025
“အိန္ဒိယသည် ဆန်းသစ်တီထွင်မှု၏ ဗဟိုချက်ဖြစ်ရမည်” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES - 2025) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဂျေရိုကမ္ဘာ့ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 29, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန Grade- 10 ၊ Grade-11 နှင့် Grade-12 အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် သင်ကြားမည့် ဆရာ ဆရာမများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 29, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့သော မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးသို့ ယနေ့နံနက် ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိဝန်ကြီးဌာန၏ တိုင်း၊ ခရိုင်၊ မြို့နယ်အင်ဂျင်နီယာများပါဝင်သော အကြိုစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ရုံးအဆောက်အအုံများ၏ Horizontal Alignment ၊ Vertical Alignment ၊ Structural Member အချို့နှင့် Non-Structure များ ကြံ့ခိုင်မှုအခြေအနေ တိုင်းတာစစ်ဆေးမှုများကို အမြန်ဆောင်ရွက်ပေးရန်၊ အတက်အဆင်းလှေကား နိမ့်ကျနေမှုကို စစ်ဆေးပြုပြင်ရန်၊ မျက်နှာကြက်များ ပြန်လည်တပ်ဆင်ပေးသွားရန်နှင့် ရေထွက်နည်းသွားသော ရုံးပိုင်စက်ရေတွင်းအား တွင်းဆေးတွင်းမှုတ် ပြန်လည်ပြုလုပ်ပေးရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 29, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားနှင့် ရင်ပြင်ပေါ်ရှိ ထိခိုက်ပျက်စီးခဲ့သော နေရာများ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်၊ မြနန်းစံကျော်ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 29, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှောင်လမ်း (လေးမိုင်ကွေ့ - နောင်ထလီ - ညိုမီး - နောင်ပနားဗွာ - လင်းကွင်း - ထီရီး မွေးမြူရေးဇုန်-ရွှေညောင်လမ်း) အား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 27, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်ဂျင်နီယာအဖွဲ့များနှင့်အတူ သက်ဆိုင်ရာက စစ်ဆေး၍ အပြာရောင်အဆင့် သတ်မှတ်ချက်ဖြင့် ပြန်လည်နေထိုင်ခွင့်ပြုထားသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 27, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပုဂ္ဂလိကဥစား ကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၅၀၀၀၀ မွေးမြူထားရှိမှုကိုကြည့်ရှုပြီး ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥနှင့်အသား တိုးတက်ထုတ်လုပ် နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 25, 2025
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 25, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်) အစည်းအဝေးခန်းမ၌ စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
