Apr 27, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်ဂျင်နီယာအဖွဲ့များနှင့်အတူ သက်ဆိုင်ရာက စစ်ဆေး၍ အပြာရောင်အဆင့် သတ်မှတ်ချက်ဖြင့် ပြန်လည်နေထိုင်ခွင့်ပြုထားသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Apr 27, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားသည်။
Apr 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပုဂ္ဂလိကဥစား ကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၅၀၀၀၀ မွေးမြူထားရှိမှုကိုကြည့်ရှုပြီး ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥနှင့်အသား တိုးတက်ထုတ်လုပ် နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။
Apr 25, 2025
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Apr 25, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်) အစည်းအဝေးခန်းမ၌ စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Apr 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပင်မသုံးထပ်ဆောင် Lobby ဧရိယာ အရှေ့ဘက်နှင့် အနောက်ဘက်၊ ပင်မသုံးထပ်ဆောင် မြေညီထပ်ရှိ အခန်းများ၊ ဘွဲ့နှင်းသဘင်ခန်းမအတွင်း အပြင်များနှင့် ပင်မသုံးထပ်ဆောင်ရှိ အခြားထိခိုက်ပျက်စီးမှုများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များတွင် သာမန်အငယ်စားထိခိုက်ပျက်စီးမှု အခြေအနေများ၊ အကြီးစားထိခိုက်ပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ Rapid Evaluation Safety Assessment Form Level-2 ဖြင့် ဆက်လက်စစ်ဆေးရန်၊ ပြန်လည်ပြုပြင်သည့်အခါ စံအရည်အသွေးပြည့်မီမှုနှင့် စစ်ဆေးကွပ်ကဲမှုတို့ဆိုင်ရာ လိုအပ်သည်များကို မှာကြားသည်။
Mar 28, 2025
ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ပူးတွဲသုတေသနအဆိုပြုစီမံကိန်းများအတွက် တရုတ်-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Mar 27, 2025
မတ် ၂၇ ရက်တွင် ကျရောက်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိကြသည်။
Mar 27, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ အနုပညာအထက်တန်းကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် နှစ်ထပ်ကျောင်းသူအဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Mar 27, 2025
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် AGAPE Love ကုမ္ပဏီမှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ယင်းဓာတ်အားဖြည့်သွင်းရုံ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
Mar 26, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေးချောင်းမြေအောက်တမံဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းမြေအောက်တမံနှင့် နတ်ရွာကျေးရွာအနီး ဆည်ရိုးချောင်းမြေအောက်တမံဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
Mar 26, 2025
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မတ် ၂၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 25, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့သည်။
Mar 25, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာသို့ သွားရောက်ပြီး နတ်မော်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားအသင်းသူများနှင့် တွေ့ဆုံသည်။
Mar 25, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
Mar 25, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းပေါ်ရှိ မြေအောက်တမံတည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 25, 2025
(၂၃) ကြိမ်မြောက် ခွဲစိတ်ဆရာဝန်များညီလာခံ (23rd Biennial Surgeons’ Conference) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပသည်။
Mar 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် ဥပဒေအသိပညာဖြန့်ဝေခြင်းဆင့်ပွားသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆) ၌ ကျင်းပသည်။
Mar 22, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစတာဗို ရော်ချာဒီ မင်နင်းဇီးစ်အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
