Nov 27, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၌ တောင်သူများနှင့် တွေ့ဆုံပြီး စက်ကိရိယာများအသုံးပြု၍ ဆောင်းသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံအကန့်လိုက်စိုက်ပျိုး နည်းစနစ်များကို ရှင်းလင်းဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 26, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်(2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 26, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီး ကျောက်ချက်တံတား အောက်ဆင်သေချောင်းအတွင်း တစ်နှစ်ပတ်လုံး ရေထိန်းထားရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ရန်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ယာယီရေထိန်းတမံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 26, 2023
၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ Hotel Max ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 25, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့က မြိတ်တက္ကသိုလ်၌ကျင်းပသော သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်နှင့် စာသင်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 25, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာ တင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 25, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် နောင်မွန်းကျေးရွာသို့ သွားရောက်ပြီး ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်၏ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ဆောင်ရွက်နေသော ရွှေတက်တိုးသမဝါယမအသင်း၏ နွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 25, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း၊ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များ e-ID Server အတွင်း ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 25, 2023
မြေဩဇာကော်မတီ၏ အကြိမ်(၄၀)မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 25, 2023
ဒီနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်က KNPP , PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ မိသားစုတွေထဲက (၁၀၃) ဦး တောင်ကြီးကို ပြန်ရောက်နေတာရှိပါတယ်။ မနေ့ကညမှာ PNO ပြည်သူ့စစ်အဖွဲ့ ဒေသကနေမှတစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။ တပ်မတော်မှ တာဝန်ရှိသူများလည်း သွားရောက်ကြိုဆိုပြီးတော့ ဒီနေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ တက္ကသိုလ်၊ ကျောင်းတွေကို တိုက်ခိုက်ပြီး ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။ ကျွန်တာ်တို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးကနေမှ ကန့်ကွက်တာ၊ ရှုတ်ချတာတွေ လုပ်ခဲ့ပါတယ်။ ကန့်ကွက်၊ ရှုတ်ချတာတွေလုပ်ခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အင်အား ၁၀၀ ခန့်ရှိပါသေးတယ်။ ဒီအင်အား ၁၀၀ ခန့်နဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုက်ပွဲများဖြစ်ပွားနေချိန်မှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေ၊ စစ်ရေးနဲ့မဆိုင်တဲ့သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ပြည်သူ့အကျိုးဖျက်ဆီးနေတာတွေကို ပြည်သူလူထုကလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 24, 2023
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်း စပါးမျိုးလိုင်းများမျိုးရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 24, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငမိုးရိပ်ချောင်းသောင်တူးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 24, 2023
ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ အခုဖြစ်ပေါ်နေတယ်လို့ပြောနေတဲ့ Online လိမ်လည်မှုအပြင် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၇၈၈ ဦး အမျိုးသမီး ၁၄၄ ဦး ပေါင်း ၉၃၂ ဦးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း ၆၁၃၈ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံနယ်ကြားဒေသ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပထမဦးဆုံးပြောကြားလိုပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 23, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး ဓာတုဗေဒဌာန၌ ဘာသာရပ်မွမ်းမံသင်တန်း (Refresher Course) ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးကာ ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ပို့ချသွားရန်၊ ကျောင်းသား ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုဆိုင်ရာ ဦးစားပေးစွမ်းရည် (Skills) ငါးမျိုးရရှိအောင် သင်ကြားနည်းစနစ် (Activities) ခုနစ်မျိုးဖြင့် လေ့ကျင့်ပေးရန် ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 23, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 23, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နိုဝင်ဘာ ၂၁ ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာအုပ်စုရှိ မွေးမြူရေးတောင်သူ ဒေါ်အေးအိနှင့် ဒေါ်နန်းခင်သန်းဆွေတို့၏ ဥစားကြက် မွေးမြူရေးခြံများတွင် အလုံပိတ် ခေတ်မီအအေးခန်းစနစ်ဖြင့် ဥစားကြက်ကောင်ရေ ၆၀၀၀၀ မွေးမြူထားရှိမှု၊ စက်ဖြင့် အစာကျွေးခြင်း၊ ဥကောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးအားပေးပြီး တာဝန်ရှိသူများအား ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP-ဂျီအေအိပ်ပီနှင့်အညီ မွေးမြူ ထုတ်လုပ်သော လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 23, 2023
မြန်မာနိုင်ငံအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှုများနှင့် နယ်စပ်ဒေသတွင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ဖျက်မီဒီယာများမှ ဖြန့်ဝေလျက်ရှိသည့် ကောလာဟလဝါဒဖြန့် သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေမှုများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 22, 2023
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Nov 21, 2023
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိ၍ သံရည်ကျိုမီးဖို (Electric Arc Furnace)နှင့် သံရည် အချောသပ်မီးဖို (Ladle Refining Furnace) တို့တွင် သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်များသွန်းလောင်းနေမှု၊ သံမဏိလေးထောင့်တုံးများ ထွက်ရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
