Nov 14, 2023
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online, Mobile Payment ဖြင့် ပေးသွင်းခြင်းနှင့် အွန်လိုင်းကျောင်းဝင်မှတ်ပုံတင်ခြင်း (Online Registration) တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 14, 2023
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးကောင်းမျိုးသန့်လွှမ်းခြုံနိုင်စေရန် ဒေသအသီးသီးရှိ တောင်သူလယ်သမားကိုယ်တိုင် ပူးပေါင်းပါဝင်သော သီးနှံမျိုးများ မျိုးစပ်မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများဖွံ့ဖြိုးလာရေးကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် ကျင်းပသော တောင်သူများ ကိုယ်တိုင်ပါဝင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနား၌ ပြောကြားသည်။
Nov 13, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီးရှိ ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 13, 2023
ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေကတော့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းအထိ ရှမ်းပြည်နယ် အရှေမြောက်ဘက်မှာ ကိုးကန့်ဒေသ ပါစင်ကျော်နားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ရှိပါတယ်၊ တပ်မတော်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ခုကတော့
Nov 13, 2023
ပြည်တွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်နေတာရှိပါတယ်။ အချိန်ကိုက်ပဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေကလည်း ကောလာဟလ ထုတ်လွှင့်နေတာရှိတယ်။ အဓိကကတော့ အခြေခံအကြောင်း နှစ်ခုအပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာဖြစ်တယ်။ နံပါတ် (၁) ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ခွဲတမ်းတွေ လျှော့တယ်ဆိုပြီး ထုတ်လွှင့်နေတာရှိတယ်။
Nov 12, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးစီးဌာနများရှိ သုတေသနများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ Hybrid စနစ်ဖြင့်ပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံ့အမျိုးသားရေး လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို လက်တွေ့ကျကျအထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန်၊ ပြည်သူများ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည့် သုတေသနလုပ်ငန်းများကို
Nov 12, 2023
(၁၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) ကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန တောင်သူလယ်သမား ရုပ်သံခန်းမ၌ ငါးဆေးထိုး သားဖောက် မွေးမြူခြင်း ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Nov 10, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကင်မလင်းချောင်းကျေးရွာသို့ရောက်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၄) လမ်းမှ ကင်မလင်းချောင်းကျေးရွာသို့ ဆက်သွယ်သော လမ်းပေ ၁၉၀၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ကျန်ရှိနေသောလမ်းပိုင်းအား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။
Nov 10, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 10, 2023
Naypyitaw State Academy တည်ထောင်သည့် (၁)နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ စာတမ်းဖတ်ကြားမည့် စာတမ်းရှင်များ၊ ဆရာဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Nov 10, 2023
မြန်မာ့အင်ဂျင်နီယာ ပညာရေးဦးသျှောင်ဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်ကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းတက္ကသိုလ်၌ National Conference on Science and Engineering (2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ တက်ရောက်ကြသည်။
Nov 09, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သတင်းစာတိုက်များနှင့် ပုံနှိပ်စက်ရုံတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
Nov 09, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် နိုဝင်ဘာ ၆ ရက်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
Nov 09, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်း၊ မြေပဲလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
Nov 09, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက်(ပုံမှန်)အစည်းအဝေး(၄/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ရုံးအမှတ်(၃၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2023
“နိုင်ငံတော်မူ မဟာဂီတကျမ်း” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 08, 2023
ပဲခူးတိုင်းဒေသကြီး၏ စပါးအပြီး ဆောင်းရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက သနပ်ပင်မြို့နယ် ရွှေဗျိုင်းဖြူကုမ္ပဏီ ရှင်းလင်းဆောင်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်နှင့် ကဝမြို့နယ်တို့မှ တောင်သူ ၉၃ ဦးနှင့် လယ်ယာအထူးပြု ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Nov 04, 2023
ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည့်ရှုအားပေးသည်။
Nov 04, 2023
သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)၌ ကျင်းပသည်။
