Mar 24, 2023
မြေဩဇာကော်မတီ၏ (၃၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 22, 2023
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့သို့ရောက်ရှိပြီး ကော့သောင်းမြို့ ရွှေဝက်ဝံတံတား ရွှေ့ပြောင်းအလုပ်သမားရုံး၌ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 22, 2023
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်းတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်နှင့်သစ်တောရေးရာ) ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကားပြောကြား သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 22, 2023
နေကြာမျိုးစေ့ထုတ်လုပ်ရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်များ ညှိနှိုင်းခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 19, 2023
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ လမ်း၊ တံတားများ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 18, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်/ခရိုင်/မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ငွေလက်ခံကောင်တာတွင် ဓာတ်အားခပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 18, 2023
CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ဖွဲ့စည်းထားသည့် CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 18, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် ယမန်နေ့ညနေပိုင်းက မန္တလေးမြို့သို့ရောက်ရှိပြီး အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြတိုက်အဆင့်မြှင့်တင်ခင်းကျင်းခြင်းလုပ်ငန်းရပ်များကို အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပြီး အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ ငလျင်ဒဏ်ခံဘုရားများ၊ ဒေါ်ဂျမ်းဘုရားစုနှင့် မယ်နုအုတ်ကျောင်းပြုပြင်ထိန်းသိမ်းမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 14, 2023
မေး။ ။ ယခုရက်ပိုင်းမီဒီယာအချို့မှာ ပင်လောင်းမြို့နယ် နမ့်နိမ်ရွာဘုန်းကြီးကျောင်းမှာ သံဃာသုံးပါးနဲ့ ပြည်သူတွေကို ကယား PDF လို့ စွပ်စွဲပြီး တပ်ကအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့နေရပါတယ်။ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိချင်ပါတယ်ရှင်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 14, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံဧရိယာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်း Agroecological Project တွင်ပါဝင်သည့် သီးနှံသစ်တောရောနှောစိုက်ခင်းများ ထူထောင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 13, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 13, 2023
စပါးအပါအဝင် တစ်နှစ်နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သက်တမ်းတိုစပါး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန် လိုအပ်ကြောင်း၊ မျိုးစေ့ဖူလုံစွာ အသုံးပြုနိုင်ရန် မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့ထုတ်တောင်သူများအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက အလေးထားဆောင်ရွက်ပေးလျက်ရှိရာ မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူအဖြစ်သာမက မျိုးစေ့ထုတ်လုပ်ငန်းရှင်များအဖြစ် ပြောင်းလဲတိုးတက် အောင်မြင်လာစေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ယမန့်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုရှိ နွေစပါး ဧက(၁၀၀)စံပြကွက်၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 13, 2023
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ Essential Motors Co.,Ltd မှ Charging Station တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြေပြင်လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် သတ်မှတ်ချိန် အချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးအနေဖြင့် လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 08, 2023
သုတေသနဌာနများ၏ သုတေသနပြုဖော်ထုတ် တွေ့ရှိချက်များကို လက်တွေ့အသုံးချ သုတေသနအဖြစ် ပြောင်းလဲအသုံးချပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကိုထိရောက်သည့် အထောက်အပံ့ကောင်းအဖြစ် အကျိုးပြုနိုင်ရန် နည်းပညာပြန့်ပွားရေးလုပ်ငန်းသည် အလွန်အရေးပါကြောင်း၊ အပြန်အလှန်အားဖြင့် စိုက်ကွင်းအတွေ့အကြုံနှင့် တောင်သူ့အသံတောင်သူ့လိုအပ်ချက်ကို သုတေသနဌာနက သိရှိတုံ့ပြန် ဆောင်ရွက်ပေးနိုင်ရန် နည်းပညာပေးလုပ်ငန်းများက စွမ်းဆောင်ပေးရန်လိုကြောင်း သို့မှသာ အားလုံးပူးပေါင်းပါဝင်သည့် သုတေသန Participatory Research အဖြစ် အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ ပြောင်းဖူးသီးနှံအခြေပြု သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 08, 2023
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 05, 2023
စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံလေလွင့်ဆုံးရှုံးမှုလျော့ပါးစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 05, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) တွင် သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ်ရှိ Global Earth စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထွက်တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည်မှ အသင့်စားသုံးနိုင်သော ငါးအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေရာတည်းတွင် စုဖွဲ့ဆောင်ရွက်နေမှု၊ ဝန်ထမ်း ၆၀၀၀ ကျော် တိုက်ရိုက်ခန့်ထားဆောင်ရွက်နေမှုနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀၀ ကျော်အား အကျိုးပြုနေမှုကို ရှင်းလင်းတင်ပြကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 04, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁ ရက် ညနေပိုင်းက မုံရွာမြို့ ကိုယ်ပွားသတင်းစာတိုက်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
