Skip to main content

Aug 26, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မရှင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားသင်ယူကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

၂၀၁၉-၂၀၂၂ ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာ အချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့ နံနက်ပိုင်းကတနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သွားရောက်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ဧရိယာများ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအားမြှင့်တင်ရေးဆိုင်ရာများ၊ ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများအပြင် ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ စားရေရိက္ခာဖူလုံရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2023

ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေတိုးတက်ရှာဖွေပေးနိုင်ရေးအတွက် ရေသတ္တဝါမွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးလာစေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဆိပ်ကြီးအရှေ့ရှိ ငါးလုပ်ငန်းဦးစီးဌာန ပုစွန်သားဖောက်စခန်း တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2023

ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေးလုပ်ငန်းများကို စူးစမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယမန်နေ့က ဇေယျာသီရိ မြို့နယ် သက်နှင်းအင်းကျေးရွာအနီး ပြွန်သုံးလုံးရှေ့တန်းစခန်းတွင် ရေဆင်းဆည်ရေသောက် ရေအသုံးချသူများအဖွဲ့ (WUG) ခေါင်းဆောင်များနှင့် တွေဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ၏ သီတင်းသုံးတည်းခိုဆောင်များ ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်နှင့် ဧရာရွှေဝါ ဓမ္မဘဏ္ဍာဂါရပိဋကတ်တိုက်ကျောင်းဆောင်အတွင်းရှိ ဘွဲ့အတွက် တင်သွင်းသောကျမ်းများ၊ ပိဋကတ်ဆိုင်ရာပါဠိစာပေများ ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင် အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိစေရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုတည်ဆောက်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၀) ဖြင့်ဆောင်ရွက်သော MSME စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များထံ နည်းပညာများဖြန့်ဝေရေး အစီအစဉ်(၁) သင်တန်းများကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဆက်လက်ပို့ချဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ရှိ နတ်မှော်ရေတင်လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပင်မရေပေးမြောင်းအတွင်း သဲနုန်းပို့ချမှုကို ဖယ်ထုတ်ရှင်းလင်းရန်နှင့် စိုက်ပျိုးရေအကျိုးပြုဧရိယာ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2023

အသားငါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 05, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထား သည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2023

ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ကြို့ပင်ကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2023

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်၊ ဝါးခယ်မနှင့် အိမ်မဲမြို့တို့ရှိ စပါးခွံ လောင်စာသုံး Gasifier စက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2023

အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 27, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုရား၊ စေတီနှင့်သာသနိက အဆောက်အဦများအားသွားရောက်ကြည့်ရှုပြီး ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 21, 2023

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အွန်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံလက်ဖက်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 21, 2023

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်