Sep 20, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 19, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကွဲအက်ခဲ့သည့် ကြမ်းခင်းနှင့်နံရံများ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 18, 2025
MSME ရန်ပုံငွေထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ MSME ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 18, 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနက (၂ဝ၂၅-၂ဝ၂၆) ခုနှစ်အတွက် သာယာဝတီမြို့နယ် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြစ်မခမြစ်ဖိုးခေါင်တံတား (စံရွေးဘက်ခြမ်း)၌ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်၍ ငါးမျိုးစိုက်ထည့်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 18, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 18, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(တောင်ကြီး)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 17, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ် (ကွမ်ရှီး) - အာဆီယံ အသက်မွေးဝမ်းကျောင်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 17, 2025
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 17, 2025
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုဇုန်းယူနစ်အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် လေအေးပေးစက်ဆိုင်ရာ ပညာရှင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 15, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ပြည်လျှော်ရွေးလျှော်ထုတ်စက်ရုံအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ခေတ္တရာင်္ဟသာ ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 13, 2025
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 13, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာမိုဟာမက် မွန်(န)ဝါ ဟူစိန်အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 13, 2025
(၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ [19th ASEAN Ministerial Meeting on Transnational Crime (AMMTC) and its Related Meetings] ကို မလေးရှားနိုင်ငံ မလက္ကာမြို့၌ စက်တင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 13, 2025
နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (နောင်ချို)၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးပြီး မူလတန်းကျောင်းသား ကျောင်းသူများကို ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည် တို့ကို ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 13, 2025
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် သတင်းပြန်ကြားရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 12, 2025
၁၅၀၀ ပြည့်နှစ် တမန်တော်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 12, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စာဆိုဗိမာန်အဆောက်အအုံတွင် ထားရှိမည့် “Logo အမှတ်တံဆိပ်” များအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ခြင်း
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 10, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သီးကုန်းတိုးလ်ဂိတ်လမ်းအသုံးပြုခကောက်ခံနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 10, 2025
ယူဂန်ဒါနိုင်ငံ ရှေ့နေချုပ် Mr. Kiryowa Kiwanuka ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO)၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Sep 10, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘီယာနိုင်ငံ ရီယိုအာချာမြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပခဲ့သည့် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ (15th Summit of the Global Forum on Migration and Development) သို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
