Feb 27, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 27, 2026
ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy) ဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Eravati Hotel ၌ ကျင်းပသည်။
Feb 26, 2026
အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။
Feb 26, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် AHA Centre ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 26, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲစစ်ဆေး နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
Feb 26, 2026
အမျိုးသားစီမံကိန်းဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ (၅၅) နှစ်မြောက် (မြရတု) ဂုဏ်ပြုစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် ၃၂ ၌ ကျင်းပသည်။
Feb 26, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သင်ကြား/ စီမံဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Feb 26, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ရန်ကုန် - မန္တလေးပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) ၏ တပ်ကုန်း-ရမည်းသင်း လမ်းပိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိတ္ထီလာ- တောင်ကြီးလမ်းပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Feb 25, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ ခပေါင်းဆည်ရေသောက်စနစ် နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းကြည့်ရှုသည်။
Feb 25, 2026
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပသည့် EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)သို့ တက်ရောက်သည်။
Feb 25, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်အတွင်း ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 တတ်မြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲကျင်းပနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 25, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၌ သီးနှံကာကွယ်ရေးပညာရှင်များနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးမှာကြားသည်။
Feb 24, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Feb 24, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
Feb 24, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးနှင့် အဖွဲ့တက်ရောက်ကြသည်။
Feb 23, 2026
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် တာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများ၌ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
Feb 23, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁၊ ၃) နှင့် ရန်ကင်းမြို့နယ် စိမ်းလဲ့မေလမ်းသွယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂ ၊ ၄) တို့တွင် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Feb 23, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးသည် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
Feb 22, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Feb 22, 2026
(၁၀၂)ကြိမ်မြောက် တောင်သူ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အွန်လိုင်းမှ တက်ရောက်သည်။
