Jul 10, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇူလိုင် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြစ်နှစ်သွယ်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိရာ တာဝန်ခံက ရေချို/ရေငန် ငါး၊ ပုစွန်များ ပြုပြင်အေးခဲ၍ ပြည်ပကုန်တင်ပို့မှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နှစ်စဉ်နိုင်ငံခြားငွေ ရှာဖွေပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့တင်ပို့မှုများအား သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့်အဖွဲ့က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများအား တစ်ချိန်တည်း၊ တစ်နေရာတည်း တစ်ပြေးညီ ဖြစ်စေရန်၊ One stop service ဖြစ်စေရန်၊ ဥပဒေလုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားပြီး အေးခဲငါးများ ထုပ်ပိုးနေမှုအဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 10, 2022
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Nadal Pacific Apparel Co.,Ltd ၊ Sioen Myanmar Limited၊ Thong Thai Textile-2 (Myanmar) Co.,Ltd စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုများ၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 10, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခြောက်လရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်ကြီးမြို့ရှိ ပြည်နယ်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၇ရက်က ရန်ကုန် သာကေတမြို့နယ်ရှိ ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2022
Assessor Methodology Training သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု“စံ” သတ်မှတ်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင် ၇ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2022
မေး။ ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာရာမြို့မှာ ကျင်းပတဲ့ နိုင်ငံရေးအခမ်းအနားတစ်ခုမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe တက်ရောက်ပြီး မိန့်ခွန်းပြောကြားနေစဉ်မှာ သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထားကို သိလိုပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီးများနှင့် သင်တန်းသားသင်တန်းသူ ၃၂ ဦး တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 07, 2022
ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 06, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် လင်းခေးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းပန်မြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့မှ ဦးစီးမှူးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူးတို့ကို တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 06, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 06, 2022
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 06, 2022
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 04, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယယဝန်ကြီး ဦးရဲတင့်သည် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် ပြည်သူ့စာကြည်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 02, 2022
မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် အထူးလေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 02, 2022
မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် အထူးလေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
