Jun 01, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
Jun 01, 2022
မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 01, 2022
၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 01, 2022
၂၀၂၂ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 30, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ထနောင်းကွင်းကျေးရွာအနီးရှိ ဆဒ္ဒန်ရေလှောင်တမံသို့ရောက်ရှိပြီး ဆည်ရေဝင်ရောက်မှုနှင့် တမံကြံ့ခိုင်မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
May 26, 2022
နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာတင့်တယ်သောဒေသ Green City၊ Clean City၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက်က နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 24, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန် - မန္တလေး လမ်းတစ်လျှောက် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများ မရှိစေရေး လမ်းနယ်အမှတ်အသား ကျောက်တိုင်များ တစ်ဖာလုံ တစ်တိုင် စိုက်ထူရန်နှင့် လမ်းနယ်နိမိတ်အစွန် ရေနုတ်မြောင်းများ သတ်မှတ်တူးဖော်ထားရန် တာဝန်ရှိသူ များအား မှာကြားသည်။
May 24, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ကန်ကြီးကျေးရွာအနီးရှိ မုန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် မုန်ရေထိန်းတမံ၏ ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနေမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
May 23, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် ယနေ့နံနက်ပိုင်းက အမှတ်(၂၅) ဗိုလ်ချုပ်ပြတိုက်လမ်း ဗိုလ်ချို(၁)ရပ်ကွက် ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ရောက်ရှိပြီး ပြတိုက်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ စာဖတ်ခန်း၊ အစည်းအဝေးခန်း၊ အိပ်ခန်း၊ ကလေးများအိပ်ခန်း၊ ဗိုလ်ချုပ်အသုံးအဆောင်များ၊ စာအုပ်များနှင့် ဗိုလ်ချုပ်အသုံးပြုခဲ့သော မော်တော်ယာဉ်ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး အဆောက်အအုံကြံ့ခိုင်ရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အဆောက်အအုံအတွင်း၊ အပြင်သန့်ရှင်းရေးဆောင်ရွက်ရန်၊ ရေရှည်ကြံ့ခိုင်ရေးနှင့် သာယာလှပရေး ဆောင်ရွက်ရန် မှာကြားသည်။
May 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။
May 21, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဦးစီးကျင်းပ သည့် ကမ္ဘာ့ပျားနေ့ (World Bee Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပျဉ်းမနားမြို့နယ် တာဝန်ခံရုံး၌ ကျင်းပသည်။
May 20, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားတွေ့ဆုံကာ လုံခြုံရေးဂရုစိုက်ရန်၊ ထုတ်လွှင့်မှုမပြတ်တောက်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
May 18, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် ငါ့သရောက်လျှပ်စစ် မြစ်ရေတင်သို့ရောက်ရှိပြီး ပင်မရေတင်စခန်းနှင့် ရေပေးဝေနေမှုကို လည်းကောင်း၊ ဆိုလာစနစ် အသုံးပြု၍ ထပ်ဆင့်ရေတင်နေမှုကို လည်းကောင်း၊ ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးကြိုပဲတီစိမ်း မျိုးသန့်မျိုးပွားစိုက်ခင်းကို လည်းကောင်း၊ လက်ပံခြေပေါ် ဆိုလာစနစ်သုံး ထပ်ဆင့်မြစ်ရေတင်လုပ်ငန်း အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
May 18, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
May 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အရ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရမည့် ဝန်ထမ်းများအား နယ်စခန်းများနှင့် စစ်ဆေးရေးစခန်းများသို့ စေလွှတ်မည့် အချိန်ကာလအား သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ညှိနှိုင်းသတ်မှတ်ရန်” ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 17, 2022
နှစ်စဉ်စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီရေး ရေအလေအလွင့် အနည်းပါးဆုံးနှင့် အထိရောက်ဆုံးအကျိုးရှိစွာ အသုံးချနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်ကျေးရွာအနီးရှိ ကြက်မောက်တောင် ရေလှောင်တမံသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မှာကြားသည်။
May 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို အားပေးကြည့်ရှုပြီး ကျောင်းများမှ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
May 15, 2022
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အထည်ချုပ်လုပ်ငန်း အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်လုပ်ငန်း ဆောင်ရွက်နေသော ရန်ကုန်မြို့လှည်းကူးမြို့နယ်ရှိ Golden Shine Garment Assessment Center သို့ ရောက်ရှိစစ်ဆေးသည်။
May 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
