Dec 22, 2021
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 19, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးတွင် တည်ဆောက်ထားသည့် ဆင်သေရေ လှောင်တမံနှင့် ဒဟတ်ကုန်း ကျေးရွာရှိ ရေလွှဲဆည်တို့၏ ဆည်ရေသိုလှောင်ထားရှိမှု တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေပေးဝေနေမှုနှင့် မြို့ပြသုံးရေပေးဝေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။
Dec 08, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Dec 06, 2021
မြို့နယ်အချို့ရှိ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းအား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 07, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ သထုံစက်မှုနယ်မြေနှင့် အမှတ်(၂၁) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်မှုနယ်မြေ (သထုံ) ကို ရာဘာအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်မည့် စက်မှုလုပ်ငန်များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ရှိပြီး အခြေခံအဆောက် အဦများနှင့် မြေနေရာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်၊ အမှတ်(၂၁) အကြီးစားစက်ရုံအနေဖြင့် စက်ရုံရှိ နည်းပညာနှင့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan ရေးဆွဲဆောင်ရွက်ရန် မှာကြားကာ စက်မှုနယ်မြေအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Nov 02, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
Nov 01, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 01, 2021
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာသတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 22, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ နောင်ချို ထပ်ဆင့် လွှင့်စက်ရုံတာဝန်ခံတို့အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ မှာကြားပြီး နောင်ချိုထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 16, 2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ၅/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပ
May 13, 2021
နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး (မြသုခ)၊ လားရှိုး(အောင်သီရိ)တို့၏တာဝန်နှင့်ဝတ္တရားလွှဲပြောင်းခြင်း စာချုပ် ချုပ်ဆိုခြင်းကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 26, 2021
မေး - ကျွန်တော်တို့တွေ့မြင်နေရသလောက် ဒီအကြမ်းဖက်ဆန္ဒပြသူတွေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အထဲမှာ တရုတ်လူမျိုးပိုင် စက်ရုံအလုပ်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်နေပါတယ်။ ဥပမာ အနေနဲ့ပြောမယ်ဆိုရင် တရုတ်လူမျိုးပိုင်စက်ရုံအချို့ မီးရှို့ ဖျက်ဆီးခံခဲ့ ရပြီးဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပစ်မှတ်ထား တိုက်ခိုက်နေကြတာ ပါလဲ။ တကယ်ပဲ သူတို့ထင်သလို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပေးနေတာလား။ ဒါမှမဟုတ် စီးပွားပြိုင်ဘက်အချင်းချင်း ချောက်ချတဲ့ သဘောလား။ ဘယ်လိုအကြောင်းကြောင့်များ တရုတ်လူမျိုးပိုင်စီးပွား ရေးလုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ပစ်မှတ်ထားတိုက်ခိုက်ခံလာရတာ ပါလဲ။
Feb 26, 2021
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအား လေးစား လိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အားယာယီသမ္မတမှလွှဲပြောင်း တာဝန်ပေးအပ် ထားသည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခေတ္တထိန်းသိမ်းဆောင်ရွက် လျက်ရှိကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန် လာစေရန် အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိသည်။
