Skip to main content

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် မိသားစုပြိုင်ပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

  နေပြည်တော်၊ ဇန်နဝါရီ  ၇

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၅)ကို ဇန်နဝါရီ (၈)ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်(၅)၏ စီးပွားရေးဆိုင်ရာ အသိပညာပေးအစီအစဉ်ကို မော်ဒယ်နှင့် သရုပ်ဆောင် ခါရာ နှင့် နန်းခင်ဇေယျာတို့က တင်ဆက်ကြ မည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို (ယနေ့) ဇန်နဝါရီ ၈ ရက် နှင့် ဇန်နဝါရီ(၉၊၁၀) ရက်များတွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ ညနေ (၆)နာရီသတင်းအပြီးနှင့် MRTV Facebook Page တို့၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)