Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာ အကျဉ်း ထောင်၊ ကုန်ထုတ်စခန်းများ နှင့် ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၃၁

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်၊ ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန လက်အောက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများ ဖြစ်သော ၂၄ မိုင်၊ ထုံးဘို(မ)၊ ထုံးဘို(ကျား ၁၊၂)နှင့် ဘုရားငါးဆူတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်အတွင်း မိတ္ထီလာမြို့ရှိ ခရိုင်၊ မြို့နယ်တရားရုံး အချုပ်ခန်း၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး အချုပ်ခန်း၊ မြို့မရဲစခန်း အချုပ် ခန်းနှင့် နယ်မြေရဲစခန်း အချုပ်ခန်းတို့ကို လည်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါအဖွဲ့သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်းတွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေး ဖောက်ဖျက်မှုခံရခြင်း ရှိ မရှိ၊ အကျဉ်းထောင် အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ ကြပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များ ကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင် ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ သိရသည်။

 

သတင်းစဉ်