Skip to main content

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပထမလေးလလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ၏၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် (ပထမအ ကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ၊ အဆိုပါ ဝန်ကြီး ဌာန သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ Virtual Online ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မိမိတို့ဝန်ကြီးဌာန၏ ရေရှည်မျှော်မှန်း ချက်ဖြစ်သည့်နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို လက်ရှိနှင့် အနာဂတ် နိုင်ငံတော်နှင့်နိုင်ငံသားများအားလုံးအတွက် အကျိုးအရှိဆုံးဖြစ်အောင်စနစ် တကျစီမံအုပ်ချုပ် လုပ်ကိုင်သွားရန်ဆိုသည့်အတိုင်း နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များအား သားစဉ် မြေးဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသောနည်းလမ်းဖြင့် ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှ လျော့နည်း သက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို ဟန်ချက်ညီညီ သဟဇာတရှိရှိဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ခေတ်နှင့် အညီဖြစ်စေရေး ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တော သယံဇာတများ၊ တောရိုင်းတိရစ္ဆာန်များနှင့် ဂေဟစနစ်များ ထိန်း သိမ်းကာကွယ် စောင့်ရှောက် ရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀)နှစ် စီမံကိန်းနှင့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း (၁၀)နှစ်လုပ်ငန်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိ ကြောင်း။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သစ်တောသယံဇာတအခြေအနေ ဆန်းစစ်လေ့လာခြင်း အစီအရင်ခံစာအရ နိုင်ငံ အကျယ်အဝန်း၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသည် သစ်တောဖုံးလွှမ်းမှုရှိသည့် ဧရိယာများအဖြစ်တိုင်း တာတွက်ချက် ရရှိထားပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများ တိုးချဲ့ဖွဲ့စည်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းကို လျာထားချက်၏ ၂၅ ရာခိုင်နှုန်း ဖြစ်သည့် ဧရိယာ ဧက ၅ သိန်း ၆ သောင်းကျော် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါကြောင်း၊ ရည်မှန်း ချက်ပြည့် မှီရေး တိုင်းဒေသကြီး/ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများမှ ကူညီ ဆောင် ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောများရေရှည်တည်တံ့စေရေးအတွက် မြန်မာ့ရွေး ချယ်ခြင်း စနစ် (Myanmar Selection System-MSS) ကျင့်သုံးဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၅-၂၆ ခုနှစ်အထိရေးဆွဲပြဌာန်းထားသည့် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများအရ နှစ်စဉ် တောထွက် (Annual Allowable Cut-ACC)မှာ ကျွန်း (၁၉,၂၁၀)ပင်နှင့် သစ်မာ (၅၉၂,၃၃၀)ပင် သတ်မှတ်ထားပါကြောင်း၊ ထုတ်လုပ်မှုအား AAC သတ်မှတ်ပမာဏထက် လျော့နည်း ထုတ်လုပ် လျက်ရှိကြောင်း၊ ဆင်ထိန်း သိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းများမှာ သဘာဝ ပတ်ဝန်း ကျင်မထိခိုက်ဘဲ နိုင်ငံတော်ဝင် ငွေရရှိပြီး ဆင်များထိန်းသိမ်း စောင့်ရှောက်ရေးတွင် ပါဝင်စေသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်း (Green Economy) ဖြစ်သည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အထိ ဆင်စခန်း (၂၂) ခုကို တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း တရားမဝင်သစ် (၁၀,၆၂၅)တန်၊ တရားခံ (,၀၇၀)ဦး၊ ယာဉ်/ယန္တရား (၄၉၆)စီး ဖမ်းဆီး ရမိခဲ့ပါကြောင်း

ဝန်ကြီးဌာနမှ ဆောင်ရွက်သော အများပြည်သူနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ တိုက်တွန်းကြောင်းအဆိုများ၊ မေးမြန်းချက်များကို ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်အဆိုနှင့် မေးခွန်းများ စုစုပေါင်း (၄၄၃) ခုဖြေကြားခဲ့ပါကြောင်း၊ သတ္တုကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေများကို ပြင်ဆင် သည့် ဥပဒေ(မူကြမ်း)အား အတည်ပြုပြဋ္ဌာန်းနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ ရေနံနှင့်ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးကို သိုလှောင်ခွင့်လိုင်စင်နှင့် သယ်ယူခွင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို အတည်ပြု ထုတ်ပြန်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစား၊ လက်လုပ်လက်စား သတ္တုတူး ဖော်ရေး အတွက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့မှ အသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များက ဥပဒေထွက်ရှိနိုင်ရေး တွန်းအားပေး ဆောင်ရွက်စေလို ပါကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သည့် မြန်မာ့သတ္တုတွင်းနည်းဥပဒေသစ်နှင့်အညီ တိုင်း ဒေသကြီး/ပြည်နယ် အစိုးရများမှ စီမံခန့်ခွဲမည့် ဓာတ်သတ္တုအသေးစား၊ လက်လုပ်လက်စားနယ် မြေဧရိယာများ သတ်မှတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဆောင်ရွက် ခွင့် ရရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများမှ ထပ်မံတင်ပြ အဆိုပြုလာသည့် ဓာတ်သတ္တု လုပ်ကွက်များကိုလည်း စိစစ်ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ် တိုင်းတာ ရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းများတွင် ပြည်တွင်းကုမ္ပဏီ (၃၈)ခု၊ ပြည်ပကုမ္ပဏီ (၁၃)ခုနှင့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း

ရတနာနယ်မြေအတွင်း တရားမဝင်ကျောက်ရှာဖွေသူများနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက် ပေးပါ ရန်နှင့် ကျောက်စိမ်းရိုင်းများ ဖမ်းဆီးရမိမှုကို ဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများ နှင့် အညီ ဆောင်ရွက်နေမှုများအပေါ်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများမှလည်း ညှိနှိုင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုး တက်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်စေရေးအတွက် နိုင်ငံပိုင်ပုလဲကျွန်း စခန်းနှင့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှပ်နှံမှုဖြင့် ပုလဲမွေးမြူသည့် ကျွန်းစခန်း ()ခုသို့ ခရီးသွားဧည့်သည်များ ဝင်ရောက် လေ့လာခွင့်ပြုခဲ့ပါကြောင်း၊ သစ်တောနှင့် ဓာတ်သတ္တု သယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို သဟဇာတဖြစ်အောင်ထိန်း ညှိဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်းများသည် ကဏ္ဍစုံဆက်စပ် နေပြီး အလွန်ကျယ်ပြန့်သည့် အလျောက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းကူညီ ထိန်းသိမ်းဆောင်ရွက်ပေးစေလိုပါ ကြောင်းပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုး ရအဖွဲ့များမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များက Virtual Online ဖြင့်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)