ယမန်နေ့မှအဆက်
Sky Net သတင်းဌာနမှ သတင်းထောက် ပိုးဥရန်နိုင်က ဆက်လက် မေးမြန်းရာ ယခင်က ည ၁ နာရီ မှ မနက် ၉ နာရီခွဲအထိ All internet shut-down လုပ်ဆောင်ပြီး အခုနောက်ပိုင်းတွင် Mobile data shut down ongep:Gecocloppesi Money transactions များနှင့် Online services များတွင် တော်တော်လေး အခက်အခဲဖြစ်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့ သတင်းမီဒီယာများ မှာဆိုလျှင် Online နှင့် လုပ်နေရခြင်းဖြစ်သည့်အတွက် ယခုကိစ္စများနှင့် ပတ်သက်ပြီး Telecom Sector များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ မည်သည့်အကြောင်းအရာများ ဆွေးနွေးလုပ်ဆောင်နေပါလဲ၊ ပုံမှန်မည်သည့် အချိန်တွင် ဖြစ်မည်နှင့် မည်သည့်အခြေအနေမှာ ပြန်ဖြစ်နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လောလောဆယ်လုပ်ရန်အစီအစဉ် မရှိသေးပါကြောင်း အဘယ့်ကြောင့် ဆိုသော်ဆူပူအကြမ်းဖက်မှုများ၏အဓိက လှုံ့ဆော်ပေးနေခြင်းသည် Online ပေါ်ကနေလှုံ့ဆော်နေခြင်းဖြစ် သည့်အတွက် မိမိတို့ လုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အဓိကအခြေခံအကျဆုံး အရေးကြီးဆုံး လုပ်ငန်းသည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းနှင့် တည်ငြိမ်ရေးလုပ်ငန်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်ရေးလုပ်ငန်း မရှိပါက ကျန်သည့်လုပ်ငန်းများသည် ထိုအပေါ်မှ တစ်ဆင့်ချင်းသွားရ ခြင်းဖြစ်သည့်အတွက် ကျန်လုပ်ငန်းများသည် လုပ်ဆောင်၍ရစရာမရှိကြောင်း၊
နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှု အတော်များများသည် အင်တာနက်လူမှုကွန်ရက် ပေါ်မှ လှုံ့ဆော်ဆောင်ရွက်နေခြင်းကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့် လုံလောက်သည့် အချိန် အတိုင်းအတာထိ ကန့်သတ်ထားခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ။
ခေတ်သစ်သတင်းစာ သတင်းဌာနမှ သထုံ ဦးတင်ထွန်းက အကြံပြုချက်ပြောကြားရာ ယနေ့ နံနက်တွင် လေယာဉ်နှင့် ရောက်ရှိခြင်းဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ ဝမ်းသာစရာစကားများ၊ မိမိတို့ သတိထား ရမည့်ကိစ္စများ ပြောလိုပါကြောင်း၊ ဖြစ်လေသမျှဘုံဘဝ၊ ကြုံရတဲ့ဘုံဘဝ၊ မိစ္ဆာပါတီ၏ နိဂုံး၊ ဒီမှာပြထားသည့် အဖျက်သမားကိစ္စ၊ နောက်မိမိပြောလိုသည်မှာ မီဒီယာ ကိစ္စဖြစ်ပြီး ခုနက မီဒီယာသမား တစ်ယောက်ကလည်း မီဒီယာနှင့် ပတ်သက်ပြီး မေးထားကြောင်း၊ "One hundred questions for only one answer, One hundred answers for only one question." ယနေ့ မြန်မာပြည်မီဒီယာများ ဘယ်လိုဖြစ်နေတာလဲ။ ဗိုလ်ချုပ် ပြောသွားသည့်အထဲတွင်ပါသည့် “မီဒီညာ၊ မီဒီညာ” ဒေါ်လာစားတွေ ဖြစ်ကြောင်း။
အမှန်တကယ်တွင်မိစ္ဆာပါတီ၏ဩဇာအောက်တွင် လောင်းရိပ်မိနေသည့်အတွက် အဖြစ်မှန်ကို မသိ ကြကြောင်း၊ မရေးနိုင်ကြကြောင်း၊ တိုင်းပြည် ထိခိုက်နစ်နာမည့်သတင်းများ ၊ စောစောက ပြောသွားသည့် အသုံးအနှုန်းများ (fake news) မိမိတို့ မီဒီယာတွင် နံပါတ်တစ် သူများပြောတာကို မည်သည့်အခါမျှ မရေး ရကြောင်း၊ မိမိတို့ ကျင့်စဉ်ဖြစ်ကြောင်း၊ နံပါတ်နှစ် ကောလာဟလ မရေးရကြောင်း နံပါတ်သုံး တိုးတိုးလေး ပြောသည်ကို မရေးရကြောင်း၊ ဒီမှာရှိသည့် မီဒီယာသမားများ သိပါကြောင်း၊ မသိတာက ထိုမိစ္ဆာပါတီကို ပြောရမည် ဖြစ်ကြောင်း၊ ယနေ့ ထိုအကြောင်းကို မပြောလျှင် မရကြောင်း။
နံပါတ်တစ် မန္တလေးက ဇော်မြင့်မောင်ဆိုသူက စတုတ္ထမဏ္ဍိုင်မရှိပါဟူ၍ ပြောခဲ့ဖူးကြောင်း နံပါတ်နှစ် အောင်မိုးညို ဆိုသူသည် စတုတ္ထမဏ္ဍိုင်မရှိဟူ၍ပြောကြောင်း၊ အလွန်စော်ကားခြင်း ဖြစ်ကြောင်း၊ မိမိတို့ ငယ်ငယ်လေးက ၁၉၅၄ ခုနှစ်ကတိုင် သတင်းလောကကို ဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ မိမိတို့နှလုံးသားကို အပ်နှင့်ဆွသည်ကို ခံနိုင်သော်လည်း မီဒီယာ လောကကို ထိုသို့စော်ကားခြင်းမျိုး မည်သို့မျှ သည်းမခံနိုင် ကြောင်း။
မည်သူပဲစော်ကားစော်ကား သည်းမခံနိုင်ကြောင်း၊ ထိုအချိန်က စတုတ္ထမဏ္ဍိုင်မရှိဘူး ဆိုပြီးပြောသည့် မိစ္ဆာပါတီ၏ပုဂ္ဂိုလ်ကို မည်သည့်မီဒီယာက ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း ရှိခဲ့မရှိခဲ့သည်ကို ပြန်ပြီးစဉ်းစားစေ လိုကြောင်း၊ ကြေညာချက်တစ်စောင်ထုတ်ပြီး ကန့်ကွက်ခြင်းမရှိခဲ့ကြောင်း၊ အလွန်ဝမ်းနည်းစရာကောင်းကြောင်း၊ မီဒီယာအဖွဲ့အစည်းပေါင်း ၂၃ ဖွဲ့ရှိကြောင်း၊ ထိုမီဒီယာအဖွဲ့အစည်းပေါင်း ၂၃ ဖွဲ့က ကြေညာချက် တစ်စောင်ပင် မထုတ်ကြောင်း ဗိုလ်ချုပ်တို့လည်း သိပါကြောင်း၊ မေ ၃ ရက်ဆိုလျှင် ကမ္ဘာ Press day လာဦးမည်ဖြစ်ကြောင်း၊ မိမိတို့အချိန်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်ကြောင်း။
မိမိဆိုလျှင် အမေရိကန်နိုင်ငံ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲကို ဗီဇာမလိုဘဲ တက်ခွင့်ရှိကြောင်း၊ အိုဘားမားလက်ထက်တွင် မိမိအကုန်လုံး မေး၍ရကြောင်း၊ မိမိတို့ မေးနိုင်ကြောင်း၊ ထိုအရာကို အားလုံးသိရှိကြကြောင်း၊ ရှုတ်ချကန့်ကွက်မှုများ ရေးကြ၊ ပြောကြလားဆိုလျှင် မပြောကြောင်း၊ အကြံပေးစရာရှိကြောင်း၊ ရွေးကောက်ပွဲမသမာမှုက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြောင်း၊ တစ်ထောင့်တစ်ည ပုံပြင်ထက် ရှည်လျားပြီး မပြီးနိုင်ကြောင်း၊ ထိုအရာကြောင့် တိုင်းပြည်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ မလွှဲမရှောင်သာ ယူလိုက်ရကြောင်း။
ရွေးကောက်ပွဲ မသမာမှုများသည် အလွန်များပြားပြီး ပြော၍မဆုံးနိုင်ကြောင်း၊ သို့သော် မီဒီယာများက မရေးကြကြောင်း၊ ကြေးမုံသတင်းစာတွင် တွေ့လိုက်ရကြောင်း၊ ဘူဒိုဇာ Operation ဆိုပြီး လုပ်လိုက်သည် ။ မှာ အလွန်ကောင်းမွန်ကြောင်း၊ ရပ်ကွက်ထဲတွင် အတားအဆီးများ လုပ်ထားသည်မှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ မရှိကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီရနိုင်ပါမည်လား တွေးတောဆင်ခြင်စေလို
ကြောင်း၊ ဒီမိုကရေစီနှင့် မသက်ဆိုင်ပါကြောင်း ဒီမိုကရေစီလည်း မရနိုင်ပါကြောင်း၊ မီဒီယာများတွင် တာဝန်ပျက်ကွက်နေမှုအများအပြားရှိကြောင်း၊ NGO၊ INGOများဒေါ်လာစားများ အများအပြားရှိကြောင်း၊ ဗိုလ်ချုပ်တို့ ရှင်းပြနေသည့် အချက်များထဲမှ အချို့ အချက်များသည် မိမိတို့ သိရှိပြီးသားများဖြစ်ကြောင်း၊
အချို့လုပ်ဆောင်ချက်များသည် အလွန်နောက်ကျကြောင်း၊ ဥပမာ- CRPH ထူထောင်သည်မှာ သုံးလ ခန့်ရှိပြီးဖြစ်ကြောင်း၊ ထိုအဖွဲ့ကို မနေ့ကမှ တရားမဝင်အဖွဲ့အစည်းဟု ကြေညာသည်မှာ အလွန်နောက်ကျ
ကြောင်း၊ မိစ္ဆာပါတီ NLDက မီဒီယာကို ဂရုမစိုက်၊ တန်ဖိုးမထားကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မိမိတစ်နေ့ သုံးခါ၊ ၁၀ ခါလောက် ကန်တော့ကြောင်း၊ မိမိသည် မည်သည့်ပါတီမှ ပါတီဝင်ထားခြင်းမဟုတ်ဘဲ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာကို ဗိုလ်ချုပ်မှူးကြီးက အလွန်တန်ဖိုးထား၍ဖြစ်ကြောင်း၊
မိမိသည် ၁၉၅၄ ခုနှစ်ခန့်ကတည်းက သတင်းစာလောကထဲကို ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ စာနယ်ဇင်း အကြောင်းကို မိမိလက်တန်းပြောနိုင်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည့် အချိန်တွင် မိမိအသက်က ၁၀ နှစ်ရှိပြီဖြစ်ကြောင်း၊ ဖြစ်စဉ်အားလုံးကို လက်တန်း ပြောနိုင်ကြောင်း လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်ဟု ဆိုရာတွင် ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများကို သေချာဖတ်ရှု ကြစေလိုကြောင်း၊ ဒါတို့ပြည် ဒါတို့မြေဆိုသည်မှာ မည်သည့်အတွက်ပြောကြသည်ကို ၎င်းတို့ကိုယ်တိုင် မသိကြကြောင်း၊ ထို့ကြောင့် မီဒီယာများအနေဖြင့်လည်း တာဝန်သိသိနှင့် ယခုလိုကိစ္စများကို ရေးသားကြ စေလိုကြောင်း။ မည်သည့်စာစောင်မှ အမှန်တရားကို ဖော်ထုတ်ရေးသားခြင်းများ မရှိကြောင်း ဝမ်းနည်းစရာ အလွန် ကောင်းကြောင်း၊ မီဒီယာတွင် မိမိတို့သုံးနှုန်းခဲ့သည့် ဝေါဟာရတစ်ခုရှိကြောင်း၊ စာနယ်ဇင်းဟုခေါ်ကြောင်း၊ ၂ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်တို့ဖြစ်ကြကြောင်း၊ ယခု မိမိတွင် Broadcasting, Twitter စသဖြင့် ရှိကြောင်း၊ printed media ခေတ်သစ်သတင်းစာရှိပါကြောင်း ခေတ်သစ်ဆိုသော logo အများကြီး ရှိကြောင်း၊ မီဒီယာအချို့ကို ပိတ်သိမ်းလိုက်သည့်အတွက် ဝမ်းသာပါကြောင်း မီဒီယာဥပဒေများ ကျင့်စဉ်များ၊ Code of Conduct များ ချိုးဖောက်၍ ပိတ်ခြင်းဖြစ်ကြောင်း၊ နောက်ထပ် ချိုးဖောက်သည့် မီဒီယာများရှိခဲ့လျှင် ထပ်မံပိတ်သိမ်းပါကလည်း ဘာမှမဖြစ်ပါကြောင်း။ ။
တရားဥပဒေအရဆောင်ရွက်ခြင်းဖြစ်သည့်အတွက်တရားမျှတမှန်ကန်ပါကြောင်း၊ မီဒီယာများကလည်း ဥပဒေကို လေးစားရမည်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် နံပါတ်တစ် တပ်မတော်နေ့၊ နံပါတ်နှစ် တောင်သူ လယ်သမားနေ့ မရှိကြောင်း၊ မလိုချင်ကြောင်း ပြောဆိုနေကြသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ ကြုံတွေ့ခဲ့ရသည့် တောင်သူလယ်သမား ဦးကြီးများ၏ ဘဝ/ကျေးဇူးကို နားမလည်ကြကြောင်း၊ မီဒီယာများကလည်း တောင်သူ လယ်သမားနေ့ကို ဂုဏ်ပြုရကောင်းမှန်း မသိပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်သူလယ်သမားနေ့ သဝဏ်လွှာပို့ရာ စာလုံးရေ ၃၂ဝ ရှိပါကြောင်း၊ မိမိတို့၏ practice မှာ စကားလုံး အရေအတွက်ကိုပါ တွက်ချက်ရကြောင်း၊ Eleven Media က တောင်သူ လယ်သမားနေ့ အယ်ဒီတာ့ အာဘော်ရေးသားချက်မှာ ကောင်းမွန်ပါကြောင်း ကျေးဇူးလည်း တင်ကြောင်း၊ ထိုအချိန်တွင် အခြားမီဒီယာများက တစ်စိတ်ကို တစ်အိတ်လုပ်၍ အဖျက်သမား လုပ်နေကြကြောင်း၊ မီဒီယာများက ဖောက်ဖျက်မှုများ ပြုလုပ်သည့်အတွက် အရေးယူ ဆောင်ရွက်ခြင်းကို မိမိသဘောတူလက်ခံပါကြောင်း။ ။
ဖြစ်သမျှ ကြုံရလေပြီ ဘုံဘဝကြုံရလေပြီ၊ သုညပါတီ၊ မိစ္ဆာပါတီ၏နောက်ထပ်ဆိုးကျိုး အများအပြား ရှိကြောင်း၊ တပ်မတော်နေ့ မလိုကြောင်း ဒါကို မည်သည့်ပါးစပ်ကပြောလဲ၊ ထိုမီဒီယာများက မသိဘူးလား၊ မိမိပြောလိုသည်မှာ တိုင်းပြည်တွင် တောင်သူလယ်သမား ဦးကြီးများ၏ အခန်းကဏ္ဍကို ပြန်စဉ်းစားကြည့် စေလိုကြောင်း၊ အနိမ့်ဆုံးစကားလုံးဖြင့် ပြောရမည်ဆိုပါက ဂျပန်တော်လှန်ရေးတွင် တောင်သူဦးကြီးများ၊ အသက်ပေးခဲ့သည်မှာ နည်းသလား၊ တောင်သူလယ်သမား ခေါင်းများကိုဖြတ်ပြီး စည်ပင်သာယာအမှိုက် တင်ကားထဲ တွင် လှည့်ပြသည်ကို ၎င်းတို့မသိဘူးလား၊ ထိုပုံများကို မသိဘူးလား၊ တောင်သူလယ်သမားနေ့ ကို မီဒီယာများက ဂရုမစိုက်ကြကြောင်း။
လွတ်လပ်စွာပြောခွင့်ဆိုခွင့်ကို Internet မည်သို့ပိတ်ပိတ် နည်းပညာများ ထွန်းကားကြောင်း၊ VPN ဖြင့် ကျော်သွားပါက ရရှိကြောင်း၊ သတင်းလွတ်လပ်ခွင့်ဆိုသည်မှာ သတင်းက မူလ ကတည်းက လွတ်လပ်ခွင့်ရှိပြီးဖြစ်ကြောင်း၊ မိမိရေးသားသည့် အပေါ်တွင်သာ မူတည်ကြောင်း၊ မိမိတို့သည် ရခိုင်ကိုလည်းသွား ခဲ့ကြောင်း၊ ရခိုင်ဆို၍ ဝမ်းသာစကားပြောလိုကြောင်း၊ ယခု AA က NCA လက်မှတ်ထိုးတော့မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရခိုင်ကိစ္စတွင် AA ကတပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ အင်မတန်ကောင်းမွန်ကြောင်း၊ ဒါက နံပါတ်(၁) ဖြစ်ကြောင်း၊ နံပါတ်(၂)မှာ ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာကိုထောက်ခံကြောင်း၊ နံပါတ်(၃) အာဆီယံ နိုင်ငံများကလည်း မြန်မာ့ပြည်တွင်းရေးကို မစွက်ဖက်ဘဲ ရုရှားက ထောက်ခံကြောင်း၊ တရုတ်က ထောက်ခံကြောင်း၊ နိုင်ငံ တကာက မိမိတို့ပုံရိပ်ကို သိက္ခာချမည့်သူတစ်ယောက်မျှ မရှိကြောင်း။
ထိုသတင်းကို မီဒီယာများရေးသလား၊ မရေးကြကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဝမ်းနည်းကြောင်း၊ မီဒီယာနှင့်ပတ်သက်ပြီး တိုင်းပြည်အကျိုးနှင့် မီဒီယာအကျိုး ယှဉ်လာပါက မီဒီယာအကျိုးကို စွန့်လွှတ်နိုင် ရမည်ဖြစ်ကြောင်း၊ဤသည်မှာ မိမိခံယူချက်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ဒေါ်လာများ၊ ရွှေများပေးကြောင်း၊ ရွှေတိဂုံဘုရားတွင် ရွှေတန်ချိန် ၂ သောင်းနှင့် ၂ သောင်း ၃ ထောင်ကြားရှိကြောင်း၊ ရွှေတစ်တန်ကို ၄၅ ဒသမ ၅ သန်းခွဲရှိကြောင်း၊ မည်မျှတန်ဖိုးရှိမည်လဲ။
မသမာမှုလုပ်ဆောင်ပြီး ဘုရားရွှေ၊ ဘုရားငွေကို ဘုရားပစ္စည်း ငရဲမီးဆိုသည်ကိုလည်း မကြောက်ကြကြောင်း၊ ထိုလူတွေက အလွဲသုံးစားလုပ်သည့်အတွက်ကြောင့် ဗိုလ်ချုပ်တို့က ပြကြောင်း၊ ဦးဖြိုးမင်းသိန်းက နာရီဒေါ်လာ ၁ သိန်းတန်ကိစ္စ သတင်းစာရှင်းလင်းပွဲကိစ္စ လုပ်စဉ်က မယူပါဘူးဆိုပြီး ယခုကျ မောင်ဝိတ်က ဝန်ခံကြောင်း၊ ထိုအရာများသည် ဆက်တိုက်လာဦးမည် ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ မီဒီယာများအနေဖြင့် နောက်ထပ် သစ္စာဖောက်သည့် ကိစ္စများရှိပါက အရေးယူပေးစေလိုကြောင်း ပြောကြားသည်။
Myanmar National post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက နစကကောင်စီ က တာဝန်ယူကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ခဲ့ကြောင်း၊ ထိုအပေါ်မှာ ဆန္ဒပြဆူပူမှုများတွင် မပါသည့်ပြည်သူများက ကြိုဆိုပြီး ထောက်ခံကြသည့် သူများရှိကြ ကြောင်း၊ သို့သော် ဒီဘက်ပိုင်းတွင် ဝန်ကြီးတို့က ဆူပူမှုများနှင့် ပတ်သက်ပြီး ဝရမ်းထုတ်ခဲ့ သူများရှိကြောင်း၊ ထိုလူများနှင့်ပတ်သက်ပြီး ယနေ့အချိန်ထိ ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါကြောင်း၊ ၎င်းတို့ကလည်း ဆက်လက်ပြီး ဆူပူနေဆဲ၊ လှုံ့ဆော်နေဆဲရှိသေးသည်ကို တွေ့ရပါကြောင်း၊ ယခုအခြေအနေသည် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေရသည်ကို ပြည်သူများက သိလိုနေကြပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖမ်းဝရမ်းထုတ်ခံရသူ အတော်များများသည် မြန်မာပြည်တွင် မရှိပါကြောင်း၊ မြန်မာနိုင်ငံထဲတွင် အနည်းငယ်တော့ ရှိပါကြောင်း၊ ရှိသည့်သူများကလည်း နယ်စပ်တွင် ရောက်ရှိနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိကြောင်း၊ မိမိတို့ သိထားသည့် သတင်းအရ တိမ်းရှောင်နေသူပေါင်း နယ်စပ်တွင် တစ်ထောင်ကျော်နီးပါးခန့် ရှိပါကြောင်း၊ ထိုအကြောင်းကြောင့်လည်းပါပါကြောင်း။
တချို့ ကိစ္စများသည် မိမိတို့အနေဖြင့် လက်ငင်းလုပ်ရမည်ဖြစ်ကြောင်း၊ လက်ငင်းလုပ်ရမည့် အရေးကြီးကိစ္စဆိုသည်မှာ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ရပ်ကွက်၊ ကျေးရွာ အေးချမ်း | သာယာရေး ဦးစားပေးဆောင်ရွက်နေသည့်အတွက် ထိုဘက်တွင် အားနည်းချက်အနည်းငယ်ရှိပါကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ပြည်သူလူထု၏ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးအတွက် အမြဲတမ်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က ယခုလက်ရှိတွင် တရားဥပဒေစိုးမိုးရေးအတိုင်း သွားနေသည်ဆိုသော်လည်း ပြည်သူများအမြင်တွင် ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များလည်း ပြန်လည်မတည်ဆောက်နိုင်သေးပါကြောင်း၊ မည်သည့် အချိန်ကာလတွင် ပြန်လည်အခြေချနိုင်မှုနှင့် တိတိကျကျ ဆောင်ရွက်နိုင်မှုကို သိရှိလိုကြောင်း၊ နောက်တစ်ခုမှာ ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး NLD အစိုးရလက်ထက်တွင်လည်း ဆန္ဒပြမှုများ ရှိခဲ့ပါကြောင်း၊ ထိုအချိန်ကဆန္ဒပြသည့်အချိန်တွင် ဆန္ဒပြ သူများက ၎င်းတို့၏ ဆိုလိုရင်းကို တောင်းဆိုပါကြောင်း၊ ၎င်းတို့ ကိုင်လိုသည့် ကြွေးကြော်သံကို ကိုင်ကြကြောင်း၊ သို့သော် နိုင်ငံ့ခေါင်းဆောင်ပုံများကို ဒေါ်အောင်ဆန်းစုကြည်၏ပုံဖြစ်စေ၊ ဦးဝင်းမြင့်၏ပုံဖြစ်စေ မဖွယ်မရာပြုလုပ်သည်ကို မတွေ့ခဲ့ရပါကြောင်း၊ သို့သော် ယခုအခါ နိုင်ငံ့ခေါင်းဆောင်ပုံများအား မဖွယ်မရာ ပြုလုပ်ခြင်းများကို မမြင်ချင်အဆုံးတွေ့လာရပါကြောင်း၊ ယခုအခြေအနေများအပေါ် ဗိုလ်ချုပ်တို့အနေဖြင့် လူငယ်များကို ဘာများပြောချင်သည်၊ ဘာတွေလုပ်ဆောင်သွားရန် ရှိမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းသည်။ ။ 1 ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးကိစ္စကိုပြောရလျှင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၆၀၀၀ ကျော် ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် ၁၄၅၀၀ ကျော် ခန့်အပ်ပြီး ဖြစ်ကြောင်း၊ ၈၅ ရာခိုင်နှုန်းကျော်ခန့် ခန့်အပ်ပြီး ခန့်အပ်ရန် ၁၅ ရာခိုင်နှုန်း နီးပါး ကျန်နေသေးပါကြောင်း၊ ဆက်လက် ခန့်အပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။
ပုံများကိစ္စကို ဖြေကြားရလျှင် နိုင်ငံ့ခေါင်းဆောင်ပုံများကို သာမက ဆရာတော်များ၏ ပုံများကိုပါ မဖွယ်မရာပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များကို မိမိအနေဖြင့် ပြောကြား လိုသည်မှာ အဓိကအားဖြင့် နိုင်ငံရေးစနစ်များ၊ စီးပွားရေးစနစ်များ၊ လူမှုရေးစနစ်များ အကြောင်း စသည်ဖြင့် ကြီးကြီးကျယ်ကျယ် ပြောကြပါကြောင်း၊ မည်သည့် စီးပွားရေး စနစ်ဖြစ်စေ အမှန်တကယ်တွင် လူမှုရေးစနစ် အပေါ်တွင်သာ အခြေခံရပါကြောင်း၊ ဥပမာအားဖြင့် မိမိတို့ မည်မျှပင်ကြီးကြီးကျယ်ကျယ် ပြောနေစေကာမူ ထိုင်းနိုင်ငံနှင့်ယှဉ်လျှင် မိမိတို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပါကြောင်း။
ထိုင်းနိုင်ငံတွင်လည်း ယခုကဲ့သို့ပင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထိုင်း နိုင်ငံနှင့်ယှဉ်၍ ပြောနေခြင်း မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ဖြစ်စဉ်ချင်းလည်းတူ၍ ပြောပြနေခြင်း ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း တပ်မတော်မှ အာဏာသိမ်းပြီး နောက်ပိုင်းတွင် ရှပ်နီ၊ ရှပ်ဝါများ၏ ဆန္ဒပြမှုများ ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကြွေးကြော်ကြပါကြောင်း။
ထိုင်းနိုင်ငံတွင် ဆန္ဒပြသည့်အချိန်က မည်သည့်ဘုန်းကြီးပုံကို မည်သည့်ထိုင်းလူမျိုး၊ မည်သည့် ထိုင်းလူငယ်က မဖွယ်မရာပြုလုပ်သည်ကို မြင်ဖူးပါသလဲ၊ ထေရဝါဒဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ကျန်သည့်နိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အတုခိုးရ၊ သင်ယူရပါ ကြောင်း၊ တရားတော်များ၊ သမထ၊ ဝိပဿနာများနှင့် ပတ်သက်လျှင်လည်း မြန်မာနိုင်ငံတွင် လာကြည့်မှ၊ ရှုမှသာ ပြည့်စုံသည်ဟု ယူဆကြ ပါကြောင်း။
ယခုလိုအခြေအနေရှိသည့်နိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်၊ အနှစ် ၂၀၊ ၂၅ နှစ်ခန့်က လူငယ်များ သည် ဘုန်းကြီးကျောင်းများတွင် နေခဲ့ဖူးခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ တက်ခဲ့ဖူးခြင်းတို့ကြောင့် ၎င်းတို့၏အကျင့်စရိုက်ကို ယခု တက်ရောက်လာကြသည့် မီဒီယာများ ထဲမှ အဆိုပါခေတ်ကို မီဖူးသည့်သူများ သိရှိကြမည်ဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်း လူငယ်များအား ဘာသာတရားကို ရိုသေနေရမည်။ ကိုင်းရှိုင်းနေရမည်ဟု မိမိအနေဖြင့် မဆိုလိုပါကြောင်း၊ မိမိနိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုစနစ်များကို အဓိကဆိုလိုခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ အခြေတည်မှုသည် အဆိုပါစနစ်များအပေါ်တွင် အများကြီး မူတည်ပါကြောင်း၊ မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်စီးပွားရေးစနစ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ မပြောစေ လိုပါကြောင်း၊ အထက်ပါစနစ်များမှ မခိုင်မာလျှင် မည်သည့်စနစ်မှ ခိုင်မာမည်မဟုတ်ပါကြောင်း၊ လူငယ်များအနေဖြင့် ယခုပြသထားသည့် အကြမ်းဖက်သည့် ပစ္စည်းများကိုကိုင်၍ အကြမ်းဖက်ခြင်း၊ မီးရှို့နေခြင်းများသည် မှန်ကန်သည့်လမ်းကြောင်း ဖြစ်ပါသလားဟု ပြန်လည်သုံးသပ်ရန် လိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကိုသာ သွားမည်ဟု ရှင်းရှင်းလင်းလင်းပြောထားပြီး ဖြစ်ပါကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖြစ်စေရန် ရွေးကောက်ပွဲ ပြုလုပ်၍ အနိုင်ရပါတီကို အာဏာလွှဲ ပြောင်းပေးမည်ဟု အတိအလင်း ပြောကြားပြီး ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ကွန်မြူနစ်စနစ်ကို သွားနေခြင်း မဟုတ်သကဲ့သို့ဆိုရှယ်လစ်စနစ်ကို သွားနေခြင်းလည်း မဟုတ်ပါကြောင်း၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို သွားနေခြင်းဖြစ်ပါကြောင်း၊ ယခု လူငယ်များလိုချင်နေသည့် ဒီမိုကရေစီစနစ်ကို ပေးနိုင်ရန် မိမိတို့အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း။ “သို့သော် ယခုလက်ရှိတွင် လူငယ်များ အနေဖြင့် ဘာကိုလိုချင်၍ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ် စေရန် လုပ်ဆောင်နေသည်ကို နားမလည်နိုင်ပါကြောင်း၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ပေးနေသည့် သူများထဲမှ အဖမ်းခံရသူ တော်တော်ရှားပါကြောင်း၊ လူငယ်များသာ သေကျေ၊ ဒဏ်ရာရရှိခြင်း ရှိပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဆန်းစစ်၊ သုံးသပ်ကြစေ လိုသည်ဟု စေတနာဖြင့် အကြံပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က လူငယ်များ ဆုံးရှုံး ရသည်ဖြစ်စေ၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ဆုံးရှုံးရသည်ဖြစ်စေ တိုင်းပြည်အတွက် အမြတ်မရှိ၊ အရှုံးချည်းသာ ဖြစ်နေပြီး လူငယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသာ ထိပ်တိုက်တွေ့နေရပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ချေမှုန်းသည့်အခါ လူငယ်များထိခိုက်ရပြီး လူငယ် များဘက်မှ ပြန်ပြီးတုံ့ပြန်သည့်အခါ လုံခြုံရေး တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးရပါကြောင်း၊ ယခုလို အခြေအနေမျိုးတွင် အဓိကတာဝန်ရှိသည့် လူများ၊ လှုံ့ဆော်သူများ၊ ဝရမ်းထုတ်ထားသည့် ခုနစ်ယောက်၊ CRPH အဖွဲ့ဝင်များ၊ ယင်းအဖွဲ့များကို မထိန်းသိမ်းနိုင်လျှင် လူငယ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုံးရှုံးနေ ပါကြောင်း၊ ပြည်သူများအတွက် မည်သို့ပြောကြားလိုသည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယင်းအမြင်မှာ ဟုတ်ပါကြောင်း၊ ယင်းအမြင် မှန်သည်ဟု ပြောရခြင်းမှာ ပထမဦးဆုံးအခြေအနေမှတပ်မတော်က တာဝန်ယူလိုက်ပြီးသည့်အခြေအနေတွင် ဆန္ဒပြမှုများအတွက် တပ်မတော် အကြီးအကဲအနေဖြင့် ပြောကြားသည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဆိုလျှင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆူပူမှုဖြစ်လာမည် ဆိုပါက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။ ။
ယခုလိုဆောင်ရွက်ခဲ့ခြင်းအပေါ် အားလုံးသည်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက် သည်များလည်းရှိပါကြောင်း၊ ယခုလိုဆောင်ရွက်မှုအပေါ် လစ်ဟာသွားသည်များလည်း ရှိကောင်းရှိနိုင်ပါကြောင်း၊ ဥပမာပြောရမည်ဆိုလျှင်လှုံ့ဆော်သူများထဲတွင် ပါနေသော၊ CRPH အဖွဲ့ဝင်များထဲတွင် ပါနေသောလူများကို ထိန်းသိမ်းခဲ့ပါကြောင်း၊ လိုအပ်သည့် မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ပြန်လွှတ်ပေးခဲ့ သည့်အခါ ပိုဆိုးခဲ့ပါကြောင်း။ ။
မည်သို့ပင်ဖြစ်စေ လောလောဆယ်အခြေအနေတွင် ဆန္ဒပြမှုများနှင့် ဆူပူမှုဖြစ်စဉ်များ လျော့ကျနေ သည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ သို့သော် ထပ်မံဖြစ်ပွားအောင်လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်လည်း ရှိကြောင်း၊ လှုံ့ဆော်နေသူများကို အဓိကထားပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အခါ မိမိတို့ နိုင်ငံတစ်နိုင်ငံတည်း တတ်နိုင်တာရှိပြီး တချို့အရာများတွင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စများကိုလည်း လုပ်ဆောင်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)
နောက်ဆုံးရသတင်းများ

01 Jul, 2025