Skip to main content

အကြမ်းဖက်လက်နက်မျိုးစုံ ကိုင်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို တိုက်ခိုက်လာသည့် ဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း

နေပြည်တော် ဧပြီ  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် ဆူပူအကြမ်းဖက်သူများက ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ အတားအဆီးများဖြင့် လမ်းအား ပိတ်ဆို့ထားရှိကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား သွားရောက်ဖယ်ရှားရှင်းလင်း ခဲ့သည်။

ထိုသို့အတားအဆီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ စဉ် နံနက် ၈ နာရီခန့်၌ ဆူပူအကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဟန့်တားနှောင့်ယှက်လာခဲ့သဖြင့် တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ခြင်းမပြုလုပ်ရန်နှင့် လူစုခွဲရန် အကြိမ်ကြိမ်သတိပေးပြောကြားခဲ့သည်။ ယင်းသို့ သတိပေး ပြောကြားခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများအနေဖြင့် လူစုမခွဲသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂတ်စ်သေနတ်များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများ၊ လက်လုပ်သေနတ်များ၊ လေးဂွများ၊ ဂျင်ကလိများ၊ ကျောက်ခဲများ၊ မီးပုလင်းများဖြင့် လူအင်အားသုံး၍ ရန်ပြုတိုက်ခိုက်လာခဲ့သဖြင့် ဆူပူအကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နှင့်အညီ လူစုခွဲခဲ့ရာ နေ့လယ် ၁ နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့သည်။

  ထိုသို့ လူစုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက်သူများအနက် ရှေ့ဆုံးမှ ဦးဆောင်သူ အမျိုးသား ၁၈ ဦးကို ၎င်းတို့ ကိုင်ဆောင်အသုံးပြုလာသည့် 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂတ်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ် ၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ တောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္ထုဒိုင်း ၄ ခု၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်များအသုံးပြု၍ လက်နက်ကိုင်အကြမ်းဖက်သည့် (Insurrection) လုပ်ရပ်ဖြင့် အကြမ်းဖက်လာခဲ့သော်လည်း အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခဲ့ပြီး ဖမ်းဆီးရမိသူ ဦးဆောင်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပါဝင်ပတ်သက်သူများကိုလည်းအမြန်ဆုံးဖမ်းဆီးရမိရေး  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်