နေပြည်တော် ဧပြီ ၁၇
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီး အမှူးပြု သော ဆရာတော်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ထိုသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ ဆရာတော်ကြီးများသည် နှစ်သစ်မင်္ဂလာ အန္တရာယ် ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ပရိတ်ရေ၊ ပရိတ်သဲများ ပက်ဖျန်းကာ အများပြည်သူ အန္တရာယ်ကင်းရှင်းစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါအစီအစဉ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကပ္ပိယကာရကများအဖြစ် ဆရာတော်ကြီး များနှင့်အတူလိုက်ပါ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ
08 Mar, 2026
08 Mar, 2026
08 Mar, 2026
08 Mar, 2026
