ပဲခူး ဖေဖေါ်ဝါရီ ၁၂
၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရွှေမော်ဓောအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နံနက် ၅နာရီခွဲ အချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိ တိုင်ထိပ်တွင်လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းကဖတ်ကြား၍ တတ်ရောက်လာသော ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများတတ်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာနှင့်မြန်မာ့ရိုးရာအစားအသောက်ပြခန်းများ ခင်းကျင်းပြသထားကြောင်းသိရသည်။
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် "သတင်းစကား "လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဟိန်းထက်(ပဲခူး)