Skip to main content

2019 Novel Coronavirus (2019-nCov) ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ် ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၃ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနများအနေ ဖြင့် လုပ်ဆောင်ရမည့် အချက်အလက်များအား မည်မျှ လုပ်ဆောင်ပြီးသည်နှင့် ရှေ့လုပ်ငန်းစဉ်များအား ညှိနှိုင်း မည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထား သည့်ဆေးရုံကြီးများရှိစောင့်ကြည့်လူနာများ၏ကျန်းမာ ရေးအခြေအနေများ တိုးတက်ကောင်းမွန်ကြောင်း၊ စောင့်ကြည့်လူနာများအား နယ်မှ မြို့ပေါ်ဆေးရုံသို့ ခေါ်ဆောင်ကုသမှုပေးရာတွင် ပြည်သူလူထုအနေဖြင့် နားလည်မှုလွဲမှားခြင်းများ၊ ထိတ်လန့်မှုများရှိနေသဖြင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ  စေလိုပါကြောင်း၊ ယခုရောဂါဖြစ်ပွားမှု အခြေအနေမှာ လူစုလူဝေးအခြေအနေတွင် ပိုမိုဆိုးရွားလာနိုင်သဖြင့် လူစုလူဝေး၊ ပွဲလမ်းသဘင်များကျင်းပခြင်းအားတတ်နိုင် သမျှ ရှောင်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေ လိုပါကြောင်း၊ မဖြစ်မနေကျင်းပရန် လိုအပ်ပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့်လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ပေးကြ စေလိုပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် 2019-nCoV ရောဂါနှင့်ပတ်သက်သည့် ပြည်သူများသိရှိရန် သတင်း အချက်အလက်များကို တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်ပြန်ပေးသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုကာလအတွင်းတွင် ဆက်လက်၍ အကြိမ်ရေ တိုးမြှင့် ထုတ်ပြန်ပေးစေ လိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် တင်ထားပြီးဖြစ်သည့် ရောဂါကာကွယ်ရေး လိုက်နာ ဆောင်ရွက်ရန် အချက်အလက်များပါဝင်သည့် လက်ကမ်း စာစောင်၊ ပိုစတာများအားရယူ၍ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်လုပ်ငန်းများသို့ ပြန်လည် ဖြန့်ဝေပေးရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေယာဉ်စီးခရီးသည် များမှ မြန်မာနိုင်ငံသို့ မဝင်ရောက်မီ Health Declaration  Card များ ဖြည့်စွက်နိုင်ရေးနှင့်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ  ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် လေကြောင်း လိုင်းများသို့ ညွှန်ကြားပေးစေလိုကြောင်း။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ရာမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးအခြေအနေ ထူးခြားမှုများရှိလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ အချို့ တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် ဟိုတယ်များတွင် တည်းခိုနေထိုင်ခြင်းမပြုဘဲ ရပ်ရွာထဲရှိ ငှားရမ်းထားသော နေအိမ်များတွင် နေထိုင်မှုများလည်း ရှိနေသဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဆိုပါ ဒေသများတွင် ကျန်းမာရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ လေဆိပ်များနှင့် နယ်စပ် ဝင်ပေါက် ထွက်ပေါက်များရှိ ခရီးသွားလာခြင်းဆိုင်ရာ မှတ်တမ်းများအရ တရုတ်နိုင်ငံ သားများ အပါအဝင် အခြား နိုင်ငံခြားသားများဝင်ရောက်မှုများသိသိသာသာလျော့နည်း သွားခြင်းများရှိ ပါကြောင်း၊ သံသယလူနာနှင့် စောင့်ကြည့် လူနာများထံမှ ဓာတ်ခွဲနမူနာများရယူ၍ ရည်ညွှန်းဓာတ်ခွဲ ခန်းသို့ ပို့ဆောင်ရာတွင် လေကြောင်းလိုင်းများမှ ပူးပေါင်း ပါဝင်လုပ်ဆောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပါ ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက်သက်ဆိုင်ရာဌာနကိုယ်စားလှယ်များက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ထားရှိမှုများအား ပြန်လည်တင်ပြခဲ့ကြရာ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးအသိပညာပေး အစီအစဉ်အနေဖြင့် ပြည်တွင်းမီဒီယာများတွင် သတင်းနှင့် ဓာတ်ပုံထည့်သွင်းမှု အကြိမ် ၂၆၀၊ နိုင်ငံတကာ မီဒီယာ များတွင် သတင်းနှင့်ဓာတ်ပုံထည့်သွင်းမှု ၁၀၉ ကြိမ်၊  ဆောင်းပါး၊ ခေါင်းကြီးနှင့် ထုတ်ပြန်ချက် ၂၉ ကြိမ်၊ Interview လေးကြိမ်၊ ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ကျန်းမာရေးပညာပေး TV spot ၁၇၈ ကြိမ် ထုတ်ပြန်ပြီးကြောင်း တင်ပြခဲ့ပြီး ရုပ်ရှင်ရုံများတွင်  လက်ဆေးခြင်းနှင့် ပတ်သက်သည့် Video clip အား  ထည့်သွင်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  လူစုလူဝေးပွဲလမ်းသဘင်များအတွက် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ရာတွင် ဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟု ဖော်ပြပြီးဖြစ်သော် လည်း တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့လည်း ညွှန်ကြားချက် ထုတ်ပြန်ပေးမည်ဆိုပါက ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်ကြောင်းဖြင့် ပြန်လည်တင်ပြဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်