Skip to main content

အရာထမ်းငယ်အခြေခံသင်တန်းများနှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းများဖွင့်

ရန်ကုန် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃ ခန်းမ၌ အရာထမ်းငယ် အခြေခံ သင်တန်းအမှတ်စဉ်(၁၁၃)၊ (၁၁၄)၊ (၁၁၅) နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁၉၅)၊(၁၉၆)၊ (၁၉၇)၊ (၁၉၈) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီတွင်ကျင်းပရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး) များ၊ ဌာနမှူး/တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ဒုတိယဦးစီးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား ၁၆၅ ဦး၊ သင်တန်းသူ ၂၀၃ ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား ၂၇၆ ဦး၊ သင်တန်းသူ ၃၀၅ ဦး စုစုပေါင်း ၉၄၉ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်