ဟိုပင် ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက် အ.ထ.က ဟိုပင် အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက R.C.C (၂)ထပ် ကျောင်းဆောင်သစ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ မိုးညှင်းမြို့နယ်ပညာရေးမှူး ဦးခိုင်ဝေ၊ ဟိုပင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီချစ်ခင်၊ မြို့မိမြို့ဖ ဦးညီလေး၊ ကျောင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးခဲ့ကြသည်။
အဆိုပါ အဆောက်အဦသစ်ကို အလျား ၁၇၀ ပေ× အနံ ၃၀ ပေ R.C.C (၂) ထပ် ကျောင်းဆောင် သစ်ကို ပြည်ထောင်စုရန်ပုံငွေဖြင့် ချမ်းမြေ့ဦးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ထူးထူးလှိုင် နှင့်အဖွဲ့ကတာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်သွားရန် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
တိုးတိုးမေ(ပြန်/ဆက်)