Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ဂန့်ဂေါ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒေသခံများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဂန့်ဂေါ မြို့နယ်၊ နှမ်းခါးကျေးရွာရှိ ကျေးရွာခန်းမ၌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့က အဖွင့်အမှာစကားပြောကြားပြီး ဒေသခံရပ်မိရပ်ဖ (၁၂)ဦးတို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက် များကို တင်ပြတောင်းခံကြ ကြောင်း သိရသည်။

ထို့နောက် ဒေသခံရပ်မိရပ်ဖများ၏ တင်ပြချက်များကို သယံဇာတသဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အကြီးအကဲများက မေးခွန်းတစ်ခုချင်းဆီ အလိုက်ဖြေကြားပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဖြည့်စွက်ဖြေကြားကြောင်း သိရသည်။

ယင်းနောက် အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ဒု-ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)