Skip to main content

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ လုပ်ငန်းညှိနှိုင်းစည်းဝေး၊ ရာဇဝတ်အမှုပေါင်း ၂၁၁၉ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၇၄ မှု အပါအဝင်) ၂၃၉၃ မှု စစ်ဆေးပြီးပြတ်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ တရားစီရင်ရာတွင် အဂတိ ကင်းစင်စွာနှင့် ဘက်လိုက်မှုမရှိဘဲ “ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး” မူနှင့်အညီ စီရင်ကြရန်ဖြစ် ကြောင်း၊ တရားသူကြီးများသည် မိမိတို့စောင့်ထိန်းရမည့် ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကို မြဲမြဲမြံမြံစောင့်ထိန်းပြီး အသိအမြင်၊ အတွေးအခေါ် ၊ စိတ်ဓာတ်၊ ခံယူချက်နှင့် အရည် အသွေးများ တိုးတက်မြင့်မားအောင် မိမိတို့ကိုယ် မိမိတို့ ပြုစုပျိုးထောင်ကြရန်ဖြစ်ကြောင်း၊ မှုခင်းများကို ဥပဒေနှင့် အညီ တရားမျှတပြီး အချိန်မီ ထိရောက်စွာဖြေရှင်းပေးရေး အတွက် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှု များ ပြီးပြတ်မှုနှုန်းကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း။

တရားစီရင်ရေးကဏ္ဍအပေါ် ယုံကြည်

တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကိုလည်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများ ရရှိနေပြီ ဖြစ်၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း၊ တရားရုံးဝန်ဆောင်မှုများ၊ လက်လှမ်းမီနိုင်မှုများ၊ တာဝန်ခံယူနိုင်မှုများ တိုးတက်လာခြင်းဖြင့် အများပြည်သူ တို့က တရားစီရင်ရေးကဏ္ဍအပေါ် ယုံကြည်ကိုးစားမှု တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာသိမ်းပစ္စည်း များ၊ သက်သေခံပစ္စည်းများ လေလွင့်ဆုံးရှုံးမှု၊ ပျက်စီးဆုံးရှုံး မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ စီမံခန့်ခွဲနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တရားစီရင် ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နယ်စပ်ဖြတ်ကျော် တရားမမှုခင်းများနှင့် စီးပွားရေးမှုခင်းများအတွက် ဒေသ တွင်း တရားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုအပါအဝင် ဦးစားပေးလုပ်ငန်းများ သတ်မှတ်၍ မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှု ပေါင်း ၂၁၁၉ မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၂၇၄ မှုအပါအဝင်) ၂၃၉၃ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၂၇၂၈ မှု လက်ခံရရှိပြီး (ယခင်နှစ်အမှု လက်ကျန် ၄၇၃ မှုအပါအဝင်) ၃၂၀၁ မှု စစ်ဆေးပြီးပြတ် ကြောင်း၊ ထို့ပြင် စာချွန်တော်လျှောက်ထားမှု ၄၁၈ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၉ မှုအပါအဝင်) ၄၃၇ မှု စစ်ဆေးပြီးပြတ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များ တွင် ရာဇဝတ်အမှုပေါင်း ၈၁၆၆ မှု လက်ခံရရှိပြီး ၇၆၄၃ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၆၄၇၃ မှု လက်ခံရရှိပြီး ၅၃၅၁ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ခရိုင် တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၂၂၆၅၃ မှု လက်ခံ ရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၀၁ မှုအပါအဝင်) ၂၃၆၅၄ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁၅၂၆၆ မှု လက်ခံရရှိပြီး ၁၂၇၇၇ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၄၂၆၅၄၄ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၂၆၃ မှုအပါ အဝင်) ၄၂၇၈၀၇ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမ အမှုပေါင်း ၃၀၉၀၆ မှု လက်ခံရရှိပြီး ၂၉၃၈၂ မှု စစ်ဆေး ပြီးပြတ်ကြောင်း။

စွဲဆိုသည့်အမှုများ ပြီးပြတ်အောင်စစ်ဆေး

ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ ဖြစ်သည့် ကလေးသူငယ်တရားရုံး(ရန်ကုန်နှင့် မန္တလေး)တွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၅၆၂ မှု လက်ခံရရှိပြီး ၄၁၆ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တို့တွင် စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့ သည့် အမှုပေါင်း ၁၀၁၉၁ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှု လက်ကျန် ၁၁ မှုအပါအဝင်) ၁၀၂၀၂ မှု စစ်ဆေးပြီးပြတ် ကြောင်း၊ မော်တော်ယာဉ်တရားရုံး(နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၁၃၁၇၉၄ မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ တရား ရုံးများက စွဲဆိုသည့်အမှုများ ပြီးပြတ်မှုနှုန်းကို လျာထား ချက်ထက်ကျော်လွန်အောင် စစ်ဆေးပြီးပြတ်မှသာ မှုခင်း လက်ကျန်ကျဆင်းပြီး ထိရောက်သည့် တရားစီရင်ရေး စနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများနှင့် ခရိုင်တရားသူကြီး များ တက်ရောက်ကြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်