နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၁/၂၀၂၀) ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသာထွန်းကျော်မှ ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က လမ်းညွှန်ပြောကြားရာတွင် -
• Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကြိုတင်ပြင်ဆင် ရာတွင် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးက ဘက်စုံထောင့်စုံမှ ပြည့်စုံစွာဖြင့် အထူး ကြပ်မတ်ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊
• လတ်တလောသတင်းရရှိမှုများအရ Singapore နိုင်ငံ၌ ရောဂါဖြစ်ပွားမှုနှုန်း မြှင့်တက်လာ နေသည့်အတွက် အဆိုပါနိုင်ငံမှ မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသား များနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုမှုကို အထူးဂရုပြုဆောင်ရွက်ကြစေလိုပါကြောင်း၊
• Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်နှိမ်နင်းရေးနှင့်ပတ်သတ်၍ Contingency Plan အား ရေးဆွဲဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊
• သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း နှင့် ယခုဖြစ်စဉ် ပြီးဆုံးသည်အထိ အရှိန်အဟုန်မလျှော့ဘဲ ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်း ပြောကြားလိုပါကြောင်းနှင့်
• Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သတ်၍ Epidemiology aspects နှင့် လက်ရှိအချိန်ထိ နိုင်ငံတကာတွင်ပြု လုပ်ခဲ့သော သုတေသနများနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊
• တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပအခြားသောနိုင်ငံ များ၌ COVID-19 ရောဂါဖြစ်ပွားသေဆုံးမှုအခြေအနေများ၊
• တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေ အနေများ၊
• တိုင်းဒေသကြီး/ပြည်နယ်များအတွင်းတွင် COVID-19 နှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးသည့် အခြေအနေများ၊
• ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် Containment၊ Control and Mitigation Strategy စသည်ဖြင့် အဆင့်ဆင့်ရှိသည့်အနက် မြန်မာနိုင်ငံတွင်လက်ရှိအနေဖြင့် Containment Strategy ဖြင့်ဆောင်ရွက်လျက်ရှိပြီး Resources များ လိုအပ်မှုအပေါ် မူတည်၍လည်း ကောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေပေါ်မူတည်၍ Phase များပြောင်းလဲ ဆောင်ရွက်ရန်ပြင်ဆင်ထားရှိမှု၊
• စောင့်ကြည့်လူနာနှင့် သံသယလူနာများအား သတ်မှတ်ခြင်းဆိုင်ရာ သတ်မှတ်ချက် (Case Definition) များတိကျစွာလိုက်နာဆောင်ရွက်ရေးနှင့် ၎င်းလူနာများ ဆေးရုံဆင်းရာတွင် လိုက်နာရမည့် Discharge Criteria များ အား လိုက်နာရန်လိုအပ်ခြင်း၊ သုံးစွဲသည့် Strategy အလိုက် လိုအပ်သလို ညှိနှိုင်း၍ ပြောင်းလဲသတ်မှတ်ရာတွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့် အညီ ရောဂါစောင့်ကြပ်ကြည်ရှုရေး၊ ကာကွယ်ရေးနှင့်နှိမ်နင်းခြင်းလုပ်ငန်းများအား အကောင်းဆုံး ဆောင်ရွက်နေမှု အခြေအနေအဖြစ် ဆောင်ရွက်ထားရှိမှုအား တင်ပြခြင်း၊
• (၁၉-၂-၂၀၂၀) ရက်နေ့တွင် US CDC မှ လာရောက်တွေ့ဆုံကာ ထိုင်းနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသော Surveillance and Contact tracing လုပ်ငန်းစဉ်များ နှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့မှုအပေါ် ပြန်လည်တင်ပြခြင်း၊
• Health Declaration Card များအား ဖြည့်စွက်ခြင်း၊ သတင်းအချက်အလက်စာရွက်များ ဖြန့်ဝေပေးခြင်းတို့ကို စနစ်ကျစေရန်နှင့် ရည်ရွယ်ချက်အောင်မြင်စေရန် ပြန်လည် ပြင်ဆင် ခြင်း၊
• နိုင်ငံတကာ သံသမန်အသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များတွင်လည်းကောင်း၊ မြန်မာ နိုင်ငံသို့ ဆိုက်ကပ်ရန်ရှိသည့် အပျော်စီးသင်္ဘောများတွင် စောင့်ကြည့်လူနာ သို့မဟုတ် သံသယလူနာတွေ့ရှိပါက ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် လုပ်ငန်းလမ်းညွှန်များရေးဆွဲခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ဆွေးနွေး ခြင်း၊
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ (၂၀-၂-၂၀၂၀) ရက်နေ့မှစ၍ COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်သည့်အခြေအနေနှင့် လိုအပ်သည့်ဓာတ်ခွဲပစ္စည်းများအား အလှူရှင် နိုင်ငံများမှ စဉ်ဆက်မပြတ်ရရှိနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မှုအခြေအနေ များ ဆွေးနွေးခြင်း၊
• တိုင်းဒေသကြီး/ ပြည်နယ်များမှ လိုအပ်လျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း အခြေအနေများနှင့် အဆိုပါ လိုအပ်ချက်များအား အလျှင်အမြန်ဖြည့်တင်းပေးနိုင်ရေးအတွက် ပြင်ဆင်ထား ရှိသည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ဆေးရုံအုပ်ကြီးများ၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-Health ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Ref; Ministry of Health and Sports, Myanmar