တောင်ကြီး ဖေဖော်ဝါရီ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများသို့ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပသော အခမ်းအနားသည် အခြားသော အခမ်းအနားများနှင့် မတူကွဲပြားပြီး တစ်မူထူးခြားချက်များ ရှိသည့်အပြင် လူသာဓု၊ နတ်သာဓု ခေါ်ရမည့် အခမ်းအနားမျိုးဖြစ်သည့်အပြင် အင်မတန်မွန်မြတ်လှသော စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများကို နိုင်ငံတော် အစိုးရ၏ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် ထောက်ပံ့ချီးမြှင့်မှုဖြစ်သည့် အခမ်းအနားဖြစ်သောကြောင့် ရှေးဦးစွာပြောကြားလိုကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ အားတစ်ခုတည်းဖြင့် ဆောင်ရွက်မရနိုင်သလို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအပါအဝင် တက်ရောက်လာသော လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်း သမားများအပြင် ပြည်သူတစ်ရပ်လုံးကပါ လူမှုဝန်ထမ်းအသိစိတ်ဓာတ် မြင့်မြင့်မားမားနှင့်အတူ တကွပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၅၄၅၈.၆)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် (၆၆၂၃.၈၂) သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ယခင်နှစ်ထက် ကျပ်သိန်းပေါင်း (၁၁၆၅.၂၂) ခန့် ပိုမိုပြီးတိုးမြှင့်ထောက်ပံ့ပေးနိုင်မည် ဖြစ်သောကြောင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း (၆၆၂၃.၈၂) သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူပြီး၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဇနီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးနာယက ဒေါ်နန်းရွှေမြင့်၊ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ တောင်ကြီးမြို့နယ် ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၃၈၀.၇၃) သိန်းနှင့် ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၁၂၆.၄၂) သိန်း၊ အေးသာယာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၂၄၈.၄၃) သိန်းနှင့် ဒေါ်ကြီးဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ (၁၄၁.၁၂) သိန်း၊ တောင်ကြီးမြို့နယ် သူငယ်တော်ယေ ဇူးမသန်စွမ်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ (၂၅၇.၂၅) သိန်းနှင့် အမျိုးသမီး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၅၂.၉၂)သိန်း၊ ဟမ်းဆီး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၁၄၄.၀၆) သိန်းနှင့် ရှမ်းရိုးမ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ (၃၈.၂၂) သိန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် ဖွင့်လှစ်ထားသော မူကြိုကျောင်းပေါင်း (၃၃) ကျောင်းအတွက် ထောက်ပံ့ငွေ (၃၁၆.၈) သိန်း ပေးအပ်ခြင်းနှင့် သင်ထောက်ကူပစ္စည်း ဝယ်ယူရန်အတွက် (၃၃)သိန်း အသီးသီး ပေးအပ်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ တောင်ကြီးမြို့နယ် Open Door လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ ထောက်ပံ့ငွေ (၂၄.၈၄) သိန်း၊ တောင်ကြီးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများသို့ သင်ထောက်ကူပစ္စည်း ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ (၈၃) သိန်း၊ ဖယ်ခုံမြို့နယ် လအိလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၂၄၄.၆၈) သိန်းနှင့် လပင်နွဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၉၄.၀၈)သိန်း၊ ဖယ်ခုံမြို့နယ် စလင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၃၈.၈၄)သိန်းနှင့် ဆိုင်ခွန်တောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၉၆.၂၁)သိန်း၊ ဖယ်ခုံမြို့နယ် နတ်တော လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၉၉.၁၅)သိန်းနှင့် ဘီကင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၉၇.၀၂) သိန်း၊ ဖယ်ခုံမြို့နယ် လကျီနွဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၁၆.၇၉)သိန်းနှင့် ဇီးဖြူတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၆၆.၁၅)သိန်း၊ ဖယ်ခုံမြို့နယ် သံတာထရေးဇာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၄၇.၅၂) သိန်းနှင့် ရွှေညောင်မြို့နယ် စိတ္တသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၇၃.၄၄)သိန်း၊ ညောင်ရွှေမြို့နယ် မိုင်းသောက်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၄၉.၁၃)သိန်းနှင့် ဇေယျသုခ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၁၇၄.၁၂)သိန်း၊ ပင်လောင်းမြို့နယ် နန်းဟူးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၁၂၅.၆၁)သိန်းနှင့် ထီနားကောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ(၅၇.၉၉)သိန်း၊ ကလောမြို့နယ် ပစ္ဆိမာရုံ (အောင်ပန်း) လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၁၆၂.၃၆) သိန်းနှင့် ရပ်စောက်မြို့နယ် သုခကာရီဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ (၆.၄၈) သိန်း၊ ပင်းတယမြို့နယ် ဓနုမြေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေ(၁၄.၀၄)သိန်း၊ လွိုင်လင်ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၄) ကျောင်းသို့ ထောက်ပံ့ငွေ(၁၃၄.၄)သိန်းနှင့် သင်ထောက်ကူ ပစ္စည်း ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ (၁၄) သိန်း၊ လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့နယ်၊ မကျိုင်းမွန်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ထောက်ပံ့ငွေ (၁၅၉.၄၂) သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅) ကျောင်းသို့ ထောက်ပံ့ငွေ (၄၈) သိန်း ပေးအပ်ခြင်းနှင့် သင်ထောက်ကူပစ္စည်း ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ(၅)သိန်း၊ ကျိုင်းတုံခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၂.၇၃)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၁) ကျောင်းသို့ ထောက်ပံ့ငွေ (၁၁၆.၆) သိန်း၊ တာချီလိတ်ခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၆၆.၅၆)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၂၁)ကျောင်းသို့ ထောက်ပံ့ငွေ (၂၂၂.၆) သိန်း၊ လားရှိုးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၇၇.၆၀)သိန်း နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း(၃၇)ကျောင်းသို့ ထောက်ပံ့ငွေ(၃၉၂.၂)သိန်း၊ ကျောက်မဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၁၁၇.၉၉)သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅) ကျောင်းသို့ ထောက်ပံ့ငွေ (၅၃) သိန်း၊ မူဆယ်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ (၂၅၅.၇၈) သိန်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း(၂)ကျောင်းသို့ ထောက်ပံ့ငွေ(၂၁.၂)သိန်း ထောက်ပံ့ ပေးအပ် ခဲ့ကြပြီး တက်ရောက်လာသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ တောင်ကြီး မြို့ ရှမ်းရိုးမဘိုးဘွားရိပ်သာ ရိပ်သာကြီးကြပ်ရေးကော်မတီဝင် ဒုတိယ ဥက္ကဋ္ဌဦးစိုင်းမြင့်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ(၄၄၅၇.၅၆)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို (၁၃၁၇.၇၇)သိန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကို (၈၄၈.၄၉)သိန်း၊ ထောက်ပံ့ခွင့်ပြုရန်ပုံငွေ စုစုပေါင်းမှာ (၆၆၂၃.၈၂) သိန်းဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)