နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ တွင် တောင်ကြီးမြို့ Taunggyi City Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းနိုင်က အမှာစကားပြောကြားသည်။
ယင်းနောက် ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း GIZ ကိုယ်စားလှယ် Ms. Petra Jacobi နှင့် နယ်သာလန်နိုင်ငံ အစိုးရမဟုတ်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ TNI Coordinater Mr. Tom Kramer တို့က အမှာစကားပြောကြား သည်။
အစည်းအဝေး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနဌာနမှူး ရဲမှူးကြီး ဝင်းကိုကို ဦးဆောင်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ကိုယ်စားလှယ်များ၊ GIZ / TNI မှကိုယ်စားလှယ်များ၊ မယ့်ဖာလုံနှင့် မေတ္တာဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း NGOs မှ ကိုယ်စားလှယ်များက အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ အယူအဆနှင့် အခြေခံသဘော တရားများ၊ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာနှင့် ချိတ်ဆက်နေသည့် အရေးကိစ္စနှင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက် ၍ ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော် ဝါရီ ၂၅ ရက် အထိ ဆက်လက်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်