Skip to main content

အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ကွန်ရက်ဖိုရမ် -၂၀၂၁ ကျင်းပ

နေပြည်တော်    နိုဝင်ဘာ    ၂၄

အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ကွန်ရက်ဖိုရမ် -၂၀၂၁ (ASEAN Plus Three Tourism Training and Education Network–APTTTEN Forum 21) ကို နိုဝင်ဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပသည်။

အဆိုပါ ဖိုရမ်သို့ အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယား ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့များမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်များနှင့် သက်မွေးပညာသင်တန်း ကျောင်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများမှ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများ စုစုပေါင်း ကိုယ်စားလှယ် (၇၁၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလာတက္ကသိုလ်(မန္တလေး)နှင့် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ် (ရန်ကုန်)မှ ဆရာ/ဆရာမများ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန(ရန်ကုန်) နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ကြသည်။

ဖိုရမ်ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ Ministry of Tourism & Creative Economy မှ ခရီးသွားလာရေးဝန်ကြီး H.E Dr. H. Sandiaga Salahuddin Uno မှ Key Note Speech တက် ရောက်ပြောကြားခဲ့ပြီး ရေးဆွဲပြုစုပြီးစီးခဲ့သည့် APTTTEN Directory Website ကို မိတ်ဆက် ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဖိုရမ် Theme ဖြစ်သည့် “The Strategic Partnership Collaboration: Link and Match with Industry and Scholar Community” ခေါင်းစဉ်အရ ခရီးသွားလုပ်ငန်းနှင့် သင်ကြားရေးအဖွဲ့အစည်းများအကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ကြုံတွေ့ လျက်ရှိသည့်အခက်အခဲအတားအဆီးများ၊ အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များဖြင့် ရေရှည်တံ့ဖွံ့ဖြိုးစေမည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများဖြစ်ထွန်းပေါ် ပေါက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနဦးဆောင်ရွက်ခဲ့သည့် ASEAN Tourism Training and Education Network (ATTEN)ကို အာဆီယံအပေါင်း () နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အစိုးရ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းများနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ တက္ကသိုလ်/ သက်မွေးပညာသင်ကျောင်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည့် အဆိုပြု ချက်များ၊ ပူးပေါင်းဆောင်ရွက်မှု ကွန်ယက်မြှင့် တင်ရေးအတွက် အာဆီယံအပေါင်း() နိုင်ငံများမှ လေ့ကျင့် သင်ကြားရေးဆိုင်ရာ တက္ကသိုလ်/ သက်မွေးပညာသင်ကျောင်း (၂၅)ခုမှ လက်ရှိဆောင်ရွက်နေမှုကို တွေ့ဆုံ ရှင်းလင်းတင်ပြ သည့် စားပွဲဝိုင်းဆွေးနွေးပွဲ (Table Top) များကို () ရက်တာကာလအတွင်း ဆောင်ရွက်ခဲ့သည်။

ဖိုရမ်ဒုတိယနေ့တွင် အာဆီယံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းအာဏာ ပိုင်အဖွဲ့ မှ Action Plan ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရေးအပါအဝင် APTTTEN အနာဂတ် ဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး၊ အကောင်အထည်ဖော်ရေးနှင့် စောင့်ကြည့်အကဲဖြတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဖိုရမ်ရလဒ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်း ကျင်းပမည့် အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)