Skip to main content

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ အစည်းအဝေးကျင်းပ

နေပြည်တော်   နိုဝင်ဘာ  ၂၅

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ရာ ဗဟိုကောင်စီဝင် (၆၂)ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဗဟိုကောင်စီဝင် ဗိုလ်မှူးချုပ်မြင့်ဟိန်း(အငြိမ်းစား)က ညီလာခံဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ၎င်းတို့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ညီလာခံ(၂၀၂၁)သို့ တင်သွင်းကြမည့် ဗဟိုကောင်စီ အစီရင်ခံစာအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြခြင်း၊ အတည်ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြား တင်ပြခြင်း၊ အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၁၀/၂၀၂၁ လမှ ၃/၂၀၂၂ လအထိ) ဘဏ္ဍာရေး လျာထားချက်ကို အတည်ပြုခြင်း၊ ရွေးချယ်မည့် လျာထားညီလာခံ ကိုယ်စားလှယ် အမည်စာရင်းကို အတည်ပြုခြင်းနှင့် ဆုံးဖြတ်ခြင်း(၇)ရပ်၊ အတည်ပြုခြင်း (၁)ရပ်၊ မှတ်တမ်းတင်ခြင်း (၈)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး ဗဟိုကောင်စီဥက္ကဋ္ဌ က နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။

သတင်းစဉ်