ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel ၌ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာဒိန်းမတ်အင်စတီကျူ့ (DIPD) အဖွဲ့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ရန်ကုန်တိုင်း ဒေသကြီးအခြေစိုက် တိုင်းဒေသကြီး အဆင့်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်