မောင်တော ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံ ရေးစခန်း၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၃၅မိနစ် တွင် မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ် စွန့်ခွာသူ အိမ်ထောင်စု လေးစု၊ အမျိုးသား ကိုးဦး၊ အမျိုးသမီး ခုနစ်ဦး လူဦးရေစုစုပေါင်း ၁၆ ဦးအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန် ရှိသူများက စိစစ်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ယင်းသို့လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်းလုံခြုံရေး ဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ် များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ်ထောင်စု လေးစုရှိ အသက် ၁၀ နှစ်အထက် အမျိုးသမီး လေးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၀ ဦးတို့အား NV Card ထုတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ မွန်းလွဲ ၁ နာရီခွဲတွင် ပြီးစီးခဲ့သည်။
ဆက်လက်၍ ငါးခူရပြန်လည်လက်ခံရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က လှဖိုးခေါင်ယာယီနေရာချထားစခန်းသို့ လွှဲပြောင်းပို့ဆောင် ပေးရာ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိကြပြီး လှဖိုးခေါင်စခန်း တာဝန်ခံညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန် ရှိသူများက လွှဲပြောင်း/ လက်ခံဆောင်ရွက်ကာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု လေးစု၊ လူဦးရေ ၁၆ ဦးတို့သည် ယခင်နေရပ် မောင်တော မြို့နယ် ငန်းချောင်းကျေးရွာမှဖြစ်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး( ခရိုင်ပြန်/ဆက်)