နေပြည်တော် မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ များ နေထိုင်ရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် ဝန်ထမ်းအိမ်ရာ များ ပေးအပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဝမ်လုံ)တွင် ကျင်း ပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုလို နယ်စပ် ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမများ နေထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ် လှူဒါန်းပေးသောအလှူရှင်ကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် အထူးကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင် ရွက်ရာတွင် သုတေသန၊ အချက်အလက် အထောက် အထားများပေါ် တွင် အခြေခံ ၍ဆောင် ရွက်နေပါကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည့် CESR ၏လေ့လာ ဆန်းစစ်တွေ့ရှိချက်များ၊ အကြံပြုချက်များကို အခြေပြု ထားသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) တွင် ဖော်ပြထားသော စီမံကိန်း၊ လုပ်ငန်းစဉ်များနှင့် ဦးစားပေးလုပ်ငန်း စဉ်(၁၂)ရပ်တို့ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း ဆောင်ရွက်ရာတွင် လည်း အခက်အခဲရှိသည့် ဒေသများ၊ လိုအပ်ချက်များ သည့်ဒေသများကို ဦးစားပေး ဆောင်ရွက် နေပါကြောင်း။
လိုအပ်နေသည့် ဒေသများတွင် ကျောင်းများ၊ စာသင်ခန်း၊ စာသင်ခုံ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစား ခန်းမ စသည်တို့ကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ဆရာ၊ ဆရာမများ ခန့်ထား ပေးခြင်းတို့ကို နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေအရ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေး နေပါကြောင်း၊ နိုင်ငံတော်မှ ပညာရေးအသုံးစရိတ်များကို လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ပေးလျှက်ရှိပါကြောင်း၊ သို့သော်လည်း ပညာရေး ကဏ္ဍတွင် ဖြည့်ဆည်းရန် လိုအပ် ချက်များ အလွန်များသဖြင့် အားလုံးမပြည့်စုံ နိုင်သေးပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဒေသအလိုက် လိုအပ်နေသောကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေး နိုင်ရေးနှင့် ဆရာ၊ဆရာမများတိုးချဲ့ ခန့်အပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်နေပါ ကြောင်း၊ ဆရာ၊ ဆရာမများ ခန့်ထားရာတွင်လည်း တိုင်းရင်းသား ဒေသခံကို ပိုမိုဦးစား ပေးခန့်ထားပါကြောင်း၊ တိုင်းရင်းသား ဒေသခံများနှင့် မလုံလောက်လျှင် အခြားဒေသများ မှလာရောက် လျှောက် ထား သူများကို ခန့်ထားပေးပါကြောင်း၊ ဒေသခံမဟုတ်သော ဆရာ ဆရာမများအနေဖြင့် အဆင်ပြေသလို နေထိုင်ကြရာတွင် အလှူရှင်များက ယခုလိုဝန်ထမ်းအိမ်ရာများ လှူဒါန်းပေးသည့်အတွက် ဆရာဆရာမများ ဘေးကင်းလုံခြုံပြီး ပျော်ရွင်စိတ်ချမ်းသာစွာ နေထိုင်ရင်းဖြင့် ဒေသ၏ပညာရေး ဖွံ့ဖြိုးရေးကို ပိုမိုအားစိုက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံ မိဘပြည် သူများ၊ အလှူရှင်များနှင့် ဆရာဆရာမများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာ ညီညီအောင် က ဝမ်းမြောက်စကားပြောကြားပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ဝန်ထမ်းအိမ်ရာ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်) ကျောင်းအုပ်ဆရာမ ကြီးက ဝန်ထမ်း အိမ်ရာလှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အလှူရှင်အား ဂုဏ်ပြုလက်မှတ်ပေးရာ အလှူရှင် ဦးအောင်ခင်၊ ဒေါ်စုလှိုင်မိသားစု က လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပြီး မူလတန်းကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာ တို့အား လှည့်လည် ကြည့်ရှု ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်း (ဝမ်နတ်)သို့ ရောက်ရှိပြီး ဆောက်လုပ်လှူဒါန်းထားသည့် ဝန်ထမ်းအိမ်ရာအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းဆုန်စိုင်း၊ ရပ်မိရပ်ဖ ဦးအောင်တင်ဝင်းနှင့် အလှူရှင်ဦးအောင်ခင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော် များက ဝန်ထမ်းအိမ်ရာ အားလှည့်လည်ကြည့်ရှု ကြသည်။
တာချီလိတ်မြို့နေ အလှူရှင် ဦးအောင်ခင် ဇနီးဒေါ်စုလှိုင် မိသားစုလှူဒါန်းသော အထက(ဝမ်နတ်) ကျောင်း (၈)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာသည် (၁၂၈x၃၀x၂၁) ပေရှိပြီး တန်းဖိုးငွေ ကျပ်(၂၄၄ဒသမ၄၆)သန်း နှင့် အမက(ဝမ်လုံ)ကျောင်း (၃)ခန်းတွဲ(၂)ထပ် ဝန်ထမ်း အိမ်ရာသည် (၅၃x၃၀x၂၁)ပေ ရှိပြီး တန်ဖိုးငွေ ကျပ်(၁၀၀ဒသမ၁၄)သန်း ရှိကြောင်းသိရသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာဆရာ ဆရာမများ၊ ပညာရေးမိသားစုများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်၉နာရီတွင် အခြေခံပညာ အထက်တန်း ကျောင်း(တာချီလိတ်)တွင်ကျင်းပသည်။
ရှေးဦးစွာ ဦးမြင့်ဝင်းလှ(ဒု-မြို့နယ်ပညာရေးမှူး၊မိုင်းဆတ်)က မိဘဆရာပူးပေါင်း၍ ပညာရေး ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေးကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက သုတေသနကိုအခြေခံ၍ဆောင်ရွက်နေသည့် စနစ်သစ်ပညာရေး ပြုပြင်ပြောင်းလဲမှုများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးရှိသောပညာစနစ်သစ် ဖွံ့ဖြိုးတိုး တက်ရေး အတွက် အတူတကွပူးပေါင်းဆောင်ရွက်ရေး၊ သင်ကြားသင်ယူမှု စီမံ ခန့်ခွဲမှုစနစ် ပိုမိုကောင်း မွန်ရေး၊ ဆရာ၊ ဆရာမများပျော်ရွှင်ချမ်းမြေ့စွာ အလုပ်ဆောင် ရွက်နိုင်ရန် ကျောင်းအုပ်မှစ၍ ဆင့်ကဲဆင့်ကဲ ပံ့ပိုးကူညီဆောင် ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလို သည်များကိုမေးမြန်းရာ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း တို့ကပြန်လည်ဆွေးနွေး ဖြေကြား၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)