Skip to main content

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဇန်နဝါရီ ၁၄

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗိုလ်ရှုခံမဏ္ဍပ်ရှင်းလင်းဆောင် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် ဗိုလ်ရှုခံမဏ္ဍပ်၏ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ဆပ်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ဆပ်ကော်မတီ အဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ။

ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က ဗိုလ်ရှုခံမဏ္ဍပ်ပြုပြင်မှုဆိုင်ရာ လုပ်ငန်းများကို ဆပ်ကော်မတီဝင်များအနေဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ဆပ်ကော်မတီအဖွဲ့ဝင်များကလည်း ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြမှုကို  ဒုတိယဝန်ကြီးက အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဆောင်ရွက်ရမည့် လုပ်ငန်းများ အလွန်အရေးကြီးပါကြောင်း၊ ဗိုလ်ရှုခံမဏ္ဍပ် အား ထည်ထည်ဝါဝါဖြင့် အောင်မြင်ချောမွေ့စွာ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များကလည်း ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

သတင်းစဉ်