Skip to main content

ကမ္ဘာ့သောတအာရုံနေ့ အထိမ်းအမှတ်ကျင်းပ

ရန်ကုန် မတ် ၃

ကမ္ဘာ့သောတအာရုံနေ့ (World Hearing Day 2020) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ မြန်မာ နိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ထင်အောင်စော၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆရာ၀န်ကြီး ပါမောက္ခ ဒေါက်တာခင်လှလှတို့က အမှာစကားများ ပြောကြားကြ သည်။

ထို့နောက် အခမ်းအနား တက်ရောက်ကြသူများအား မေရီချက်မင်း နားမကြားကျောင်း၊ Success Special Education Center ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ဆေးရုံကြီးမှ ဆရာဝန်များနှင့် လူမှု ဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်းမှ ကလေးငယ် များက သရုပ်ဖော်ဖျော်ဖြေတင်ဆက် ကြသည်။

“မြန်မာနိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း အထူးကုဆရာဝန်များ Society အနေ နဲ့လည်း နားရောဂါနှင့် ပတ်သက်တဲ့ ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အားတက်သရော ဝိုင်းဝန်းလုပ်ဆောင် နေတာကို သိရှိရတဲ့အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ယခုနှစ် World Hearing Day ရဲ့ဆောင်ပုဒ်က Don’t let hearing loss limit you. Hearing for Life လို့ သိရပါတယ်။ ဒါကြောင့်မို့ ဒီအခမ်းအနားမှာ တက် ရောက်လာကြတဲ့ ဧည့်သည်တော်များ နဲ့ ပြည်သူများဟာ နားအကြားအာရုံ ရဲ့ အရေးကြီးကြောင်းနဲ့ အချိန်မီ ထိရောက်စွာကုသနိုင်ဖို့ကို သိရှိကြပြီး ပြည်သူလူထု အတွင်း ပျံ့နှံ့အောင် လက်ဆင့်ကမ်း အသိပညာပေး ပြောကြားပေးဖို့လည်း တိုက်တွန်းလို ပါတယ်” ဟု ဆေးသုတေ သနဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အမှာ စကားပြော ရာ၌ ထည့်သွင်းပြောကြား သည်။

အဆိုပါ ကမ္ဘာ့သောတအာရုံနေ့ အခမ်းအနားအား ကမ္ဘာ့နိုင်ငံများတွင် ၂၀၀၇ ခုနှစ်မှစတင်ကာ ကျင်းပလာခဲ့ ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် တွင် စတင်ကျင်းပကာ ယခုအကြိမ် သည် ဒုတိယအကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။

အာကာလင်း