Skip to main content

ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်ကို ရက်ရွှေ့ဆိုင်း

ရန်ကုန် မတ် ၄

ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ဆရာ၊ ဆရာမများသမဂ္ဂတို့ ပူးပေါင်း၍ မတ်လ (၇ / ၈ / ၉)ရက်တို့တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်သစ်ပုတ်ပင်မြက်ခင်းပြင်ရှေ့၌ ကျင်းပမည့် ရာပြည့်ဓမ္မ သဘင်ကို လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ပြောသည်။

အဆိုပါ ရာပြည့်ဓမ္မသဘင်အတွက် လှူဒါန်းထားသော အလှူငွေများ၊ အလှူပစ္စည်းများကို ဘဏ္ဍာရေး ကော်မတီမှ ဆက်လက်ထိန်းသိမ်းထားပြီး ရာပြည့်ဓမ္မသဘင် ပြန်လည်ကျင်းပမည့် အချိန်တွင် လှူဒါန်းပေး မည်ဖြစ်ကြောင်းနှင့် ရာပြည့်ဓမ္မသဘင် ပြန်လည်ကျင်းပမည့်ရက်ကိုလည်း ပြန်လည်ကြော်ငြာ ပေးသွား မည်ဖြစ်ကြောင်းကို အဆိုပါ အသင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်