Skip to main content

မြေသြဇာကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်  ၄

မြေဩဇာကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ယနေ့  နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးတွင် နည်းပညာကော်မတီက နည်းပညာပိုင်းအရ စိစစ်ထောက်ခံ တင်ပြလာသည့် မြေဩဇာမှတ်ပုံတင်ထုတ်ပေးနိုင်ရေး အဆိုပြုလွှာများကိုလည်းကောင်း၊  အများ ပြည်သူ သိရှိလိုက်နာရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြေဩဇာသိုလှောင်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်းဆိုင်ရာ သတ်မှတ် ချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

မြေဩဇာကော်မတီအနေဖြင့် မြေဩဇာမှတ်ပုံတင် ၇၂၀၉ စောင်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး သက်တမ်းကျော်လွန်သဖြင့် ဌာနမှဖျက်သိမ်းခဲ့သည့် မြေဩဇာမှတ်ပုံတင် ၁၁၅၈ စောင်၊ ကာယကံရှင်မှ တင်ပြလာသဖြင့် မှတ်ပုံတင်ပယ်ဖျက်ခဲ့မှု အစောင် ၉၈၀ ရှိသဖြင့် (၂၉) ကြိမ် မြောက် အစည်းအဝေး ကျင်းပပြီးချိန်အထိ မြေဩဇာမှတ်ပုံတင် ၅၀၇၁ စောင် ရှိခဲ့သည်။ ယနေ့ ကျင်းပသည့် မြေဩဇာကော်မတီ၏ အကြိမ် (၃၀) မြောက်အစည်းအဝေးတွင် နည်းပညာ ကော်မတီက နည်းပညာပိုင်းအရ စိစစ်ထောက်ခံ တင်ပြလာသည့် အဆိုပြုလွှာ ၃၀၅ စောင်ကို မြေဩဇာ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်