နေပြည်တော် မတ် ၄
မြန်မာနိုင်ငံအနေဖြင့် ATIGA e – Form D လဲလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ASW Live Operation သို့ ဝင်ရောက်ချိတ်ဆက်နိုင်ခဲ့ခြင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် ကုန်သွယ်မှု နှင့် ဆက်စပ်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့် ကုန်သွယ်မှု အသိုက်အဝန်းသို့ အသိပေး တင်ပြမည့် Launch Ceremony အခမ်းအနားကို မတ် ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနသည် USAID’s Transparency and inclusive Growth Activity (TIGA) ၏ အကူအညီဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဟိန်းမင်းစိုး