ဂန့်ဂေါ မတ် ၅
မကွေးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင်၊ အလုပ်သမားများ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေးတွေ့ဆုံပွဲကို ယမန်နေ့နံနက်က ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးကိုကိုလင်းက အနည်းဆုံး အခကြေးငွေဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၏ တင်ပြချက်များအား ဝန်ကြီးက ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး’ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
တောင်သားမောင်သန်း