ပြည်၊ မတ် ၊၅
ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ပြည်ခရိုင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ပြည်ခရိုင် မီးသတ်ဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မီးသတ်ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးများနှင့်အရန်မီးသတ် ဒုတပ်ရင်းမှူးများမှ သတင်းပေးပို့တင်ပြခြင်းများ ပြုလုပ်ပါသည်။ ရှေးဦးစွာပြည်မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ပြည်မြို့နယ် အရန်မီးသတ်ဒုတပ်ရင်းမှူးမှ မီးသတင်းပို့တင်ပြခြင်း၊ ရွှေတောင်မြို့ မီးသတ်ဦးစီးမှူးနှင့် ရွှေတောင်မြို့နယ် အရန်မီးသတ် ဒုတပ်ရင်းမှူးမှ သတင်းပို့တင်ပြခြင်း၊ ပေါင်းတည်မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ပေါင်းတည်မြို့နယ်အရန်မီးသတ်ဒုတပ်ရင်းမှူးမှ သတင်းပို့တင်ပြခြင်း၊ ပေါက်ခေါင်း မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ပေါက်ခေါင်းမြို့နယ် အရန်မီးသတ် ဒုတပ်ရင်းမှူးမှ သတင်းပို့တင်ပြခြင်း၊ ပန်တောင်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် ပန်းတောင်းမြို့နယ် အရန်မီးသတ်ဒုတပ်ရင်းမှူးမှ သတင်းပို့တင်ပြခြင်း၊ သဲကုန်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် သဲကုန်းမြို့နယ်အရန်မီးသတ် ဒုတပ်ရင်းမှူးမှသတင်းပို့ တင်ပြခြင်းများ ပြုလုပ်ပြီး၊ ပြည်ခရိုင် မီးသတ်ဦးစီးမှူးမှ ဦး/ရေး/ထောက်/ငွေစာရင်း လုပ်ငန်းဆိုင်ရာများနှင့် ဒေသဆိုင်ရာအခြေအနေများကို တင်ပြခဲ့ပါသည်။
ထို့နောက်ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ လမ်းညွှန်မှုများကိုဩဝါခံယူခဲ့ပါသည်။
ယင်းနောက် ပြည်ခရိုင် ပြည်မြို့နယ်မီးသတ်စခန်းရှေ့တွင် အထပ်မြင့်နေအိမ် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပိုလန်နိုင်ငံထုတ် ရှာဖွေကယ်ဆယ်ရေးယာဉ် ဆောင်ရွက်မှုများအား သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
မင်းမင်းစိုး(ပြည်ခရိုင်၊ ပြန်ဆက်)