မန္တလေး မတ် ၆
မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် အဆုတ်ရောဂါလက္ခဏာကြောင့် စောင့်ကြည့်နေသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။
"တစ်သျှူးနမူနာ စစ်ဆေးတာက အဖြေမထွက်သေးဘူး။ အဖြေက ဒီညနေပိုင်းမှာ ရမှာဖြစ်တယ်"လို့ မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော် ကပြောသည်။
ပြီးခဲ့တဲ့ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ဆီးချိုရောဂါဖြင့်တက်ရောက် ဆေးကုသနေစဉ် အဆုတ်ရောဂါလက္ခဏာကို တွေ့ရှိခဲ့သောကြောင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ အမျိုးသားဖြစ်သူက "မနေ့ကတော့ ရောဂါများတယ်တဲ့။ စိုးရိမ်ရတယ်တဲ့။ သူတို့(ဆရာဝန်) တစ်ယောက်ကတော့ မဖြစ်နိုင်ဘူးပြောတယ်။ တစ်ယောက်ကတော့ သံသယမရှိဘူးလို့ ပြောတယ်"ဟု သိရသည်။
ဖြိုးအိ
Ref: Myanmar Digital News