Skip to main content

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ရန်စီစဉ်

ရန်ကုန် မတ် ၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၀ ခုနှစ် မတ်လ (၁၁)ရက်မှ (၂၀)ရက်အထိ ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသည့် ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန ၃ ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေ ဆိုလိုသည့် ကျောင်းသား/ကျောင်းသူ (လူနာ)များသည် အဆိုပါ ဆေးရုံကြီးများရှိ ဆေးလူမှု ဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီ တောင်းခံနိုင်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)