Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၆-၃-၂၀၂၀) ရက်နေ့၊ ည (၉:၁၅) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညတွင် ထပ်မံပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံမှ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး၊

(ခ) မူဆယ်ပြည်သူ့ ဆေးရုံမှ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(ဂ) နေပြည်တော်၊ ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံ ကြီးမှ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်

(ဃ) မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှ အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး၊ စုစုပေါင်း (၄) ဦးတို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။
(အမှတ် - ဃ လူနာဆုံးပါးခဲ့မှု သတင်းကို ယနေ့ည (၈) နာရီတွင် ထုတ်ပြန်သည့် သတင်းတွင်ပါဝင်ခဲ့ပြီးဖြစ်ပါသည်၊။)

၃။ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

Ref : Ministry of Health and Sports, Myanma