Skip to main content

လူငယ်ပန်းချီဆရာ ကိုကျော်ထက်နိုင်၏ တစ်ကိုယ်တော် လူငယ်ပန်းချီပြသရောင်းချ

ရန်ကုန်   မတ် ၉  

လူငယ်ပန်းချီဆရာ ကိုကျော်ထက်နိုင်၏ ပထမဆုံးအကြိမ် တစ်ကိုယ်တော် ပြသရောင်းချပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃လမ်း(အောက်ဘလောက်) ရှိ 43 Art Gallery ပြခန်း၌ မတ် ၉ ရက်မှ ၁၁ ရက်အထိ ပြသရာ လေးပုံတစ်ပုံခန့် ဝယ်ယူအားပေးခြင်းခံရကြောင်း သိရသည်။

အရင်က အဖွဲ့လိုက်ပန်းချီပြပွဲမှာပဲပါတယ်၊ အခုက ပထမဆုံး Solo Show ပေါ့၊ အားလုံး ပန်းချီကားပေါင်း ၇၁ ကား ပြတယ်၊ ရှုမျှော်ခင်း များတယ်၊ ဆီဆေး၊ ရေဆေးနဲ့ အက်ခရိုင်းလစ်ပါတယ်၊ ဒီနေ့အထိ ၁၅ကားလောက်ရောင်းရပါတယ်ဟု ကိုကျော်ထက်နိုင်က ပြောသည်။

ပန်းချီကားပေါင်း ၇၁ကား ကျော်ကိုပြထားပြီး ဈေးနှုန်းများမှာ အမေရိကန် ဒေါ်လာ ၅၀မှ ၆၀အထိ ပြသရောင်းချလျက်ရှိကြောင်း သိရသည်။ လူငယ်ပန်းချီဆရာ ကိုကျော်ထက်နိုင်မှာ ပန်းချီပညာကို ငယ်စဉ်ကလေ့လာပြီး၊ ပန်းချီပညာကို ဆရာဦးသိန်းဝင်းနဲ့ ဦးဝင်းဖေမြင့်တို့ထံမှ ဆက်လက် လေ့လာစသင်ယူကာ အသက်(၂၉)နှစ်မှာ ပန်းချီကားပေါင်း နှစ်ရာခန့်ရေး ဆွဲခဲ့ကြောင်းသိရသည်။

သန့်ဇင်ဝင်း