Skip to main content

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူ ၉၇၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်

ရန်ကုန် မတ် ၉

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံ လုံးမှ အခြေခံကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြ မည့် အပြင် ကျောင်းသား ကျောင်းသူများ အပါအဝင် စာရင်းသွင်းအင်အား စုစုပေါင်း ၉၇၀၀၀၀ကျော်ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဘာသာတွဲ( ၈ )မျိုးဖြင့် စာမေးပွဲကိုကျင်းပမည်ဖြစ်ရာ ဘာသာရပ်အလိုက် ဖြေဆိုကြမည့် စာရင်းသွင်း ကျောင်းသား ကျောင်းသူဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ၊ ဘောဂဗေဒ ဘာသာတွဲတွင် ၅၈၂၁၄၉ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာတွဲတွင် ၁၇၃၂၀၅ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲတွင် ၁၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာဘာသာတွဲတွင် တစ်ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်းဘာသာတွဲတွင် ၅၄၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲတွင် ၂၁၁၁၂၄ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်ဘာသာတွဲတွင် ၃၁၈၅ ဦး စုစုပေါင်း ၉၇၀၂၁၅ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

စိတ်ကြိုက်မြန်မာစာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား ကျောင်းသူမှာ ၁၁ ဦးရှိလာပြီး လွန်ခဲ့ သည့်နှစ် စာမေးပွဲတွင် သုံးဦးသာရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။

ယခုနှစ်တွင် စာစစ်ဌာနများကို တိုးချဲ့ဖွင့်လှစ်ထားပြီး စာစစ်ဌာန ၁၉၉၉ ခုရှိကြောင်း၊ ယမန်နှစ်က ၁၈၈၆ ခုရှိရာမှ ယခုနှစ်တွင် စာစစ်ဌာန ၁၀၀ ကျော်တိုးလာကြောင်း သိရသည်။ အကျဉ်းဦးစီးစာဖြေဌာနမှာ ၁၀ ခုရှိကြောင်း သိရသည်။ အကျဉ်းဦးစီး စာစစ်ဌာနမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများမှာ ၁၈၈ ဦးရှိသည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းထောင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီး ဌာနမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၁၆၀ ကျော်ရှိသည်။ မန္တလေးအကျဉ်းဦးစီးဌာနမှ စာဖြေသူ အများဆုံးဖြစ်ကြောင်း သိရသည်။

အောင်သူရ