Skip to main content

မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ပြုစုရေးဆွဲရေးဆိုင်ရာ ဆက်စပ်ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁၀

မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ပြုစုရေးဆွဲရေး ဆိုင်ရာ ဆက်စပ် ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ 

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းဖော်ပြမည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး ရည်မှန်းချက်များနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေး ရည်မှန်းချက် အတွက် စွမ်းဆောင်ရည်၊ နည်းပညာနှင့် ငွေကြေးဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အဓိက ဆွေးနွေးသွားကြမည် ဖြစ်သည်။ 

ညှိနှိုင်းအစည်းအဝေးကို မတ်လ(၁၀)ရက်နေ့မှ(၁၁)ရက်နေ့အထိ နှစ်ရက်တာ ကျင်းပ သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်ပေါင်း (၁၁၀) ဦး တက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မောင်သုတ(ပြန်/ဆက်)